Powered by Blogger.

အသင့်စား ကြက်ကြော်ထဲမှာ ၃ လက်မခန့်ရှိတဲ့ သံချောင်းကြီးကိုဝါးမိပြီး သွားကျိုးခဲ့သူ


ကံမကောင်းတဲ့ ဖောက်သည်တစ်ဦးဟာ လန်ဒန်မြောက်ပိုင်းက Top Kebab/Pizza ဆိုတဲ့ စားသောက်ဆိုင်မှ ကြက်ကြော်ကို ပါဆယ်ဝယ်ယူ စားသောက်ခဲ့ရာ စတင် ၀ါးလိုက်တဲ့ အခါမှာ ၃ လက်မခန့်ရှိတဲ့ သံချောင်းကြီးကို သူဝယ်ယူလာတဲ့ အသင့်စား ကြက်ကြော်ထဲမှာ တွေ့ရှိခဲ့ရပါတယ်။ သူဟာ ကျန်းမာရေး ကောင်စီ ကို လည်းတိုင်ကြားထားပြီး ထိုသံချောင်းပါနေတဲ့ကြက်ကြော် ကို ၀ါးလိုက်မိတဲ့အတွက် သွားတစ်ချောင်း ကျိုးသွားပါတယ်။
 ဒါကြောင့်လည်း ထိုစားသောက်ဆိုင်ကို စတာလင်ပေါင် ၇၅၀၀ ခန့် လျော်ကြေးပေးဖို့လည်းတောင်းဆိုထားတယ်လို့ သိရပါတယ်။ ထိုရှာတွေ့ခဲ့တဲ့ သံချောင်းဟာ ဆောက်လုပ်ရေးလုပ်ငန်းသုံး drill သံချောင်းဖြစ်ပြီး ထိုစားသောက်ဆိုင်ရဲ့ အစားအသောက်ပြင်ဆင်တဲ့ နေရာနားမှာလည်း ဆောက်လုပ်ရေး ပစ္စည်းတွေ ၊လျှပ်စစ်ပစ္စည်းတွေ နဲ့ ၀က်အူလှည့် တွေကို တွေ့ရှိခဲ့ရတယ်လို့လည်း ကျန်းမာရေးကောင်စီက ဆိုပါတယ်။ ထိုစားသောက်ဆိုင်ရဲ့ ပိုင်ရှင် Nehmatullah Jamalzadah ကတော့ ၁၉၉၀ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အစားသောက် လုံခြုံစိတ်ချမှု ဥပဒေ အမှတ် ၁၄ အရ ဒဏ်ငွေဆောင်ရမယ်လို့ သိရပါတယ်။

Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment