Powered by Blogger.

အ၀တ်ဗလာ နဲ့ အပန်းဖြေရတဲ့ ကမ်းခြေမှာ အမျိုးသမီးတွေကို တိတ်တခိုး ဗီဒီယို ရိုက်ယူနေတဲ့ အမျိုးသား


အ၀တ်ဗလာ နဲ့ အပန်းဖြေရတဲ့ ကမ်းခြေမှာ စုံတွဲတွေနဲ့ အမျိုးသမီးတွေကို တိတ်တခိုး ဗီဒီယို ရိုက်ယူနေတဲ့ အမျိုးသားတစ်ဦး ကို လူတစ်စုက သတိထားမိခဲ့ပြီး ရဲကို အကြောင်းကြား ဖမ်းဆီးစေခဲ့ပါတယ်။ သြစတြေးလျ နိုင်ငံ ၊ Adelaide’s Maslin ကမ်းခြေ မှာ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ မီးခိုးရောင် ဆံပင်ရှိပြီး တက်တူးတွေရှိတဲ့ အမျိုးသားတစ်ဦးဟာ သူကိုယ်တိုင်လည်း အ၀တ်ဗလာနဲ့ လာရောက် အပန်းဖြေနေပြီး ရေခဲ ပုံးတစ်ပုံးကို ကိုင်ဆောင်ထားပါတယ်။
 ထိုရေခဲပုံးထဲမှာတော့ ကင်မရာတစ်လုံးကို လျှို့ဝှက်စွာထည့်ထားပြီး စုံတွဲတွေနဲ့ အမျိုးသမီးတွေကို ဗီဒီယိုခိုးရိုက်နေခဲ့ရာ ဒါကိုဖြတ်သန်းသွားတဲ့ အမျိုးသမီးတစ်ယောက်က တွေ့ရှိသွားပြီး သူမရဲ့ သူငယ်ချင်းတွေကို သတင်းပေးခဲ့တာဖြစ်ပါတယ်။ ထို သြစတြေးလျနိုင်ငံ Adeleaide’s Maslin ကမ်းခြေဟာ ၁၉၇၅ ခုနှစ်ကတည်းက သြစတြေးလျ ရဲ့ ပထမဆုံး အ၀တ်ဗလာနဲ့ အပန်းဖြေရတဲ့ ကမ်းခြေ အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment