Powered by Blogger.

The Interview ဇာတ်လမ်းပါဝင်တဲ့ DVD နဲ့ USB drive ပေါင်း ၁၀၀,၀၀၀ ကို မြောက်ကိုရီးယား နိုင်ငံအတွင်း ကျဲချမည်


Sony ကုမ္မဏီ ကထုတ်လုပ်မယ့် The Interview ဇာတ်လမ်း DVD တွေနဲ့ ထိုဇာတ်လမ်းထည့်ထားတဲ့ USB drives တွေကို တောင်ကိုရီးယားနိုင်ငံက နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Park Sang-hak ဆိုသူက မြောက်ကိုရီးယားနိုင်ငံထဲသို့ ဝေဟင်မှတစ်ဆင့် ကျဲချ သွားမယ်လို့ သိရပါတယ်။
 Park Sang-hak ဟာ မိုးပျံပူဖောင်းများကို မြောက်ကိုရီးယားနိုင်ငံသို့ လွှတ်တင်မှာဖြစ်ပြီးထို လွှတ်တင်လိုက်တဲ့ မိုးပျံပူဖောင်းများက တဆင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်ကို သရော်ထားတဲ့ The Interview ဇာတ်လမ်းပါဝင်တဲ့ DVD နဲ့ USB drive ပေါင်း ၁၀၀,၀၀၀ ကို မြောက်ကိုရီးယားနိုင်ငံအတွင်း ကျဲချမှာဖြစ်ပါတယ်။
 ဒါပေမယ့်လည်းမြောက်ကိုရီးယားနိုင်ငံဟာ အာဏာရှင်အုပ်ချုပ်ရေးဖြစ်သည့် အလျောက် တိုင်းသူပြည်သားများမှာ ကွန်ပျူတာနဲ့ DVD စက်တွေ လုံလောက်စွာတော့ မရှိကြပါဘူး။ Park Sang-hak ဟာ မြောက်ကိုရီးယားမှ တောင်ကိုရီးယားသို့ ပြောင်းရွှေ့ခိုလှုံနေသူ ကင်ဂျုံအွန်ဆန့်ကျင်ရေးသမား တစ်ယောက် ဖြစ်တယ်လို့လည်း သိရပါတယ်။

Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment