Powered by Blogger.

ကိုယ်ဝန်ရှိနေကြောင်းသိရှိပြီး ၁ နာရီ အတွင်းမှာပဲ ကလေးမွေးခဲ့တဲ့ အမျိုးသမီး


Katie Kropas လို့ခေါ်တဲ့ အမျိုးသမီးဟာ နောက်ကျော နာကျင်မှုတစ်ခုကို ခံစားခဲ့ရတဲ့အတွက် ဆရာဝန် သွားပြခဲ့ရာမှာ ဆရာဝန်ကသူမကို ကိုယ်ဝန်ရှိနေကြောင်းပြန်လည်ပြောပြခဲ့ပါတယ်။ အဖြစ်အပျက်ကတော့ ဒီလောက်နဲ့ မပြီးသွားပါဘူး။ အသက် ၂၃ နှစ်အရွယ် Katie Kropas ဟာ သူမ ကိုယ်ဝန်ရှိနေကြောင်းသိရှိပြီး ၁ နာရီ အတွင်းမှာပဲ ၁၀ ပေါင် နဲ့ ၂ အောင် စရှိတဲ့ သမီးလေးကို မွေးဖွားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ၊ မန်ဆာချူးးဆက် ပြည်နယ် မှာနေထိုင်တဲ့ Kropas ဟာ သူမ ကိုယ်ဝန်ရှိနေမှန်း လုံးဝမသိခဲ့ဘူးလို့ ဆိုပါတယ်။
 သူမဟာ ခရစ်စမတ် ကမှ သူမ မှာ ကိုယ်အလေးချိန်တိုးလာတာကို သတိထားမိခဲ့တယ်လို့လည်း သိရပါတယ်။ သူမ ကို တာဝန်ယူမွေးဖွားပေးခဲ့တဲ့ ဆရာဝန်ကတော့ ပထမဆုံး ကိုယ်ဝန်ဆောင်ဖူးသူ တွေဟာ သူတို့မှာ ကိုယ်ဝန်ရှိနေမှန်းကို အလွယ်တကူ မသိနိုင်ကြဘူးလို့ဆိုပါတယ်။ New York Daily News သတင်းဌာန ကို Kropas ရဲ့ ပြောကြားချက်အရတော့ ဆေးရုံမှာရှိတဲ့ အခြားလူနာတွေက သူမရဲ့ အဖြစ်အပျက် ကို နောက်ပြောင်ခဲ့ကြတယ်လို့လည်း သူမက ဆိုပါတယ်။

Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment