Powered by Blogger.

တောင်ကိုရီးယားရှိ LG Display စက်ရုံမှ နိုက်ထရိုဂျင်ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် အလုပ်သမားနှစ်ဦး သေဆုံး


တနင်္လာနေ့မနက် အစောပိုင်းကာလတွင် ဆိုးလ်မြို့မြောက်ပိုင်း ပါဂျူ ရှိ စက်ရုံမှာ ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့ပါတယ်။ စက်ရုံ၏ ကိုးလွှာတွင် တီဗွီအတွက်လိုအပ်သော LCD screen များကို ပြုလုပ်နေသော ကုမ္ပဏီအလုပ်သမားများ ပါဝင်ခဲ့ပါတယ်။
 နိုက်ထရိုဂျင်ဓာတ်ငွေ့သည် လေထုအတွင်း ၈၀ ရာခိုင်နှုန်းခန့်ပါဝင်သော်လည်း ရှုရှိုက်မိပါက အသက်ရှုကြပ်ခြင်း ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အရောင်အနံ့မရှိသောကြောင့် ဓာတ်ငွေ့ရှိမရှိ သိရှိရန် ခက်ခဲပါတယ်။ မီးသတ်အဖွဲ့၏ပြောကြား ချက်အရ စက်ရုံတွင်းရှိ အလုပ်သမား တစ်ဦးဦးက နိုက်ထရိုဂျင်ဓာတ်ငွေ့ကို ပေါ့လျော့စွာ ဖွင့်ခဲ့မိခြင်းကြောင့်ဟု သိရှိရပါတယ်။ကုမ္ပဏီ မှပြောကြားချက်အရ သေဆုံးသူများအတွက် နစ်နာကြေးနှင့် တောင်းပန်စာများကို စိတ်ကျေနပ်အောင်ပြုလုပ်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများအတွက်လည်း လိုအပ်သည်များကို  ထောက် ပံ့ပေး ခဲ့ပါသည်။
 ယခု ဖြစ်စဉ်သည် တောင်ကိုရီးယားနိုင်ငံအတွင်း ဒုတိယအကြိမ် နိုက်ထရိုဂျင်ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပြီး လွန်ခဲ့သည့်လက အူဆန်ရှိ ရှင်ဂိုရီတွင်လည်း စက်ရုံရှိ နိုက်ထရိုဂျင်ဓာတ်ငွေ့ မတော်တဆယိုစိမ့်မှုကြောင့် လူသုံးဦး သေဆုံးခဲ့ရပါသေးတယ်။ 


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment