Powered by Blogger.

တစ်နာရီ မိုင် ၇၀ နှုန်းနဲ့ မောင်းနှင်နေတဲ့ ဘတ်စ်ကား ရဲ့ယာဉ်မောင်းထိုင်ခုံကနေ ၂ ကြိမ် တိတိ ထပြီး ကခဲ့တဲ့ ယာဉ်မောင်း အဖမ်းခံရ


တစ်နာရီ မိုင် ၇၀ နှုန်းနဲ့ မောင်းနှင်နေတဲ့ ဘတ်စ်ကား ရဲ့ ယာဉ်မောင်းဟာ သူ့ရဲ့ ယာဉ်မောင်းထိုင်ခုံကနေ ၂ ကြိမ် တိတိ ထပြီး ကခဲ့ပါတယ်။ ဒါကို ခရီးသည် တစ်ယောက်ဟာ ဗွီဒီယို ရိုက်ယူထားပြီး လူမှု ကွန်ရက်ပေါ်တင်လိုက်တဲ့အခါမှာ ထိုယာဉ်မောင်းဟာ အဖမ်းခံခဲ့ရပြီး ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းခံလိုက်ရပါတယ်။
 တူရကီ နီုင်ငံ ၊ အစ်စတန်ဘူလ် မြို့ က ယာဉ်မောင်း Metin Kandemir ရဲ့ လုပ်ရပ်ဟာ တူရကီ နိုင်ငံ မှာ လူကြည့်အများဆုံး ဗီဒီယို တစ်ခုဖြစ်လာခဲ့ပါတယ်။ အဖမ်းခံရပြီးတဲ့နောက်မှာတော့ အသက် ၃၄ နှစ် အရွယ် Kandemir က သူမောင်းနှင်နေချိန်မှာ လမ်းမ ပေါ်မှာ ရှင်းလင်းနေတဲ့အတွက် အခုလို လုပ်ခဲ့ခြင်း ဖြစ်တယ်လို့ ပြောခဲ့ပေမယ့်လည်း သူ့ကို တရားရုံးက ဒဏ်ငွေ စတာလင်ပေါင် ၄၅ ဒေါ်လာနဲ့ သူ့ရဲ့ ယာဉ်မောင်းလိုင်စင် ကို ၂ နှစ် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
 ရဲ အရာရှိ Kaan Tore ကတော့ Kandemir ဟာ လူပေါင်းများစွာ ရဲ့ အသက်ကို သေစေနိုင်ခဲ့တဲ့ အဆိုးရွားဆုံး လုပ်ရပ်ကို လုပ်ခဲ့တာဖြစ်ပြီး ဒါဟာ ထောင်ဒဏ် ကျနိုင်တယ်လို့ဆိုပါတယ်။

Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment