Powered by Blogger.

ရဲဝန်ထမ်းတွေကို အသားစိမ်းတွေနဲ့ ပစ်ပေါက်တဲ့ အမျိုးသမီး


အမျိုးသမီးတစ်ယောက်ဟာ ရဲစခန်းထဲကို လမ်းလျှောက်ဝင်လာပြီး ရဲစခန်းထဲအရောက်မှာ အသင့်ပါလာတဲ့ ၀က်သား အစိမ်းတွေနဲ့ ရဲဝန်ထမ်းတွေကို ပစ်ပေါက်ခဲ့ပါတယ်။ CCTV ကင်မရာရဲ့ မှတ်တမ်းတွေအရ အသက် ၂၄ နှစ်အရွယ် Lindsey McNamara ဟာ မန်ဆာချုးဆက်ပြည်နယ်က ဖရာမင်ဂမ် ရဲစခန်းအတွင်းသို့ ၀င်ရောက်ခဲ့ပြီး အသားစိမ်းတွေနဲ့ ပစ်ပေါက်ခဲ့တာကို ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ 
သူနာပြုတက္ကသိုလ် ကျောင်းသူတစ်ဦးဖြစ်တဲ့ Lindsey တစ်ယောက် ရဲစခန်းထဲ ၀င်ရောက်လာချိန်မှာတော့ လက်ထဲမှာ ဒိုးနတ်မုန့်ဘူးတစ်ဘူးကို ကိုင်ဆောင်ထားပြီး မျက်မြင်သက်သေ တစ်ဦးကတော့   ကောင်တာ မှာ  ဖောင်ဖြည့်နေခဲ့ ပါတယ်။ ထိုကဲ့သို့ ပစ်ပေါက်ရင်း Lindsey က “၀က်တွေကို အစာကျွေးချိန်ရောက်ပြီ” လို့လည်း အော်ပြောခဲ့တယ်လို့ ရဲတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
 Lindsey ဟာ စက္ကန့်ပိုင်းအကြာမှာ အဖမ်းခံခဲ့ရပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ တရားရုံးက စစ်ဆေးမယ် လို့လည်း သိရပါတယ်။ CCTV ကတစ်ဆင့် ရိုက်ကူးထားတဲ့ ထိုဗီဒီယို ဟာ YouTube မှာ ကြည့်ရှုသူ ၁၉၀၇၁၆ ယောက် ရှိပါတယ်။ 


Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment