Powered by Blogger.

ဒဏ်ရာရနေတဲ့ သမင်ကို အိမ်ခေါ်လာတဲ့ Greg Rutherford


ဗြိတိသျှ လူမျိုး အိုလံပစ် အားကစားသမားဖြစ်တဲ့ Greg Rutherford သည် ခြေထောက်ကျိုးနေတဲ့ သမင် တစ်ကောင် ကို သယ်ယူလာကာ တိရိစ္ဆာန်ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ Milton Keynes ရှိ သူ၏ အိမ် အနီး တွင် သူ့ခွေးနှင့်အတူ လမ်းလျှောက်ထွက်နေစဉ် ဒဏ်ရာရနေတဲ့ သမင်ငယ် ကို တွေ့ရှိခဲ့ တာဖြစ်ပါတယ်။၂၈နှစ် အရွယ် လန်ဒန် အိုလံပစ်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သူ Greg Rutherford သည် သူအိမ်နဲ့ နှစ်မိုင် ခန့် ကွာဝေးတဲ့နေရာ ကနေ ဒဏ်ရာရနေတဲ့ သမင်လေးကို သယ်လာတာပါ။
 ခုလောလောဆယ်မှာ သမင်လေး ကို ကူညီပေးနိုင်မယ့် RSPCA အလာကို စောင့်နေပါတယ် လို့ Twitter ကနေပြောကြားခဲ့ပါတယ်။ RSPCA ကတော့ သမင်လေးဟာခြေထောက်ကျိုးနေတာကြောင့် Rutherford က တိရိစ္ဆာန်ဆေးရုံကို ဆက်သွယ်ခဲ့ပါတယ်လို့ ပြောကြားခဲ့ပါသေးတယ်။ ခုချိန်မှာတော့ ထိုသမင်လေးကို Doris လို့အမည်ပေး ထားပြီး သူကယ်ဆယ်ခဲ့တာဟာ သမင်လေးအတွက် အထောက် အကူပြုပါစေ လို့လည်း သူမျှော် လင့် ခဲ့ ပါ တယ်။
Tiggy Winkels တိရိစ္ဆာန်ဆေးရုံသည် သူ့အိမ်ကိုရောက်ရှိလာပြီးနောက်မှာ သမင်ငယ်လေး ရဲ့ခြေထောက် ကို ဆေးထည့်ပြီးနောက် ခေါ်သွားပါတော့တယ်။ ဒါပေမယ့် Doris လေးအနေနဲ့ တော်တော်လေး နာနာ ကျင်ကျင် ခံစားလိုက်ရပြီး သေဆုံးသွားတာကတော့ စိတ်မကောင်းစရာပါပဲ။ Doris လေးကို သက်သက် သာသာ ထွက်သွားစေတဲ့အတွက် ဝမ်းသာစရာပါပဲ သူတောထဲမှာသာ ဒီတိုင်း ဆက်ရှိနေခဲ့မယ်ဆိုရင် နာနာ ကျင်ကျင်နဲ့ သေသွားနိုင်ပါတယ်။
 အနည်းဆုံးတော့ သူမကို နာကျင်မှုသက် သာစေပြီး  နွေးထွေးမှုရ သွားစေတာကတော့ အမှန်ပါပဲ လို့ ဆေးရုံက သူနာပြု တစ်ဦးက ပြောကြား ခဲ့ပါတယ်။ Rutherford ကတော့ သူရဲ့ Twitter မှာ ဒီနေ့က တကယ့်ကို ဝမ်းနည်းစရာကောင်းတဲ့နေ့ပါ။ မနေ့က ဒဏ်ရာရနေတဲ့ Doris ကို ကျွန်တော့အိမ်ကို ယူခဲ့ပါတယ်။ ခုတော့ သူမဟာ ဒဏ်ရာတွေနဲ့ ထာဝရ အိပ်စက်သွားပါပြီလို့ ပြောကြားခဲ့ပါသေးတယ်။


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment