Powered by Blogger.

ဘတ်စ်ကား တစ်စီးပေါ် အုပ်ထိန်းသူတွေမပါပဲ လေးဘက်ထောက် တက်လာခဲ့တဲ့ ကလေးငယ်


တရုတ်နိုင်ငံမှာ ကလေး ပေါက်စ တစ်ယောက်ဟာ သူ့ရဲ့ အုပ်ထိန်းသူတွေ မပါပဲ ဘတ်စ်ကား တစ်စီး ပေါ်  လေးဘက်ထောက် တက်လာခဲ့ပါတယ်။ သူဟာ လမ်းမလျှောက်တတ်သေးတဲ့ ကလေးငယ် တစ်ယောက်သာဖြစ်ပြီး သူ့ကို ရှာဖွေတွေ့  ရှိ   တာကတော့ ဘတ်စ်ကားပေါ်က CCTV ကဖြစ်ပြီး ထိုကလေးဟာ ဘတ်စ် ကားပေါ်ကို ခရီးသည်တစ်ယောက်လို  လှေကားထစ်တွေအပေါ် လေးဘက်ထောက် ပြီး တက်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကိုတွေရှိ ခဲ့တဲ့ ခရီးသည်တစ်ဦးက ထိုကလေးကို သူ့ရဲ့ ဘေးက ထိုင်ခုံပေါ်မှာ ထိုင်စေခဲ့တာပါ။ ယာဉ်မောင်းဟာ ထိုကလေးငယ် ရဲ့ မိဘတွေကို ရှာဖွေခဲ့ပေမယ့်လည်း မတွေ့ ခဲ့တဲ့ အတွက် ခရီးကို ဆက်လက် မသွားစေခဲ့ပဲ ရဲတပ်ဖွဲ့ကို အကြောင်းကြား ခဲ့တာဖြစ်ပါတယ်။ ထိုကလေးငယ်ရဲ့ မိဘတွေ ကိုတော့ တစ်နာရီခန့် အကြာမှာမှ ထိုကားဂိတ် အနီးအနားက ဆိုင်တစ်ဆိုင်မှာ တွေ့ခဲ့တယ်လို့ သိရပါတယ်။ 


Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment