လျှပ်စစ်ကြောင့် ဓါတ်လိုက်ပြီး သေခါနီးဖြစ်နေသော သူငယ်ချင်းတစ်ယောက်အား အလုပ်သမား တစ်ယောက် သစ်သားချောင်းနဲ့ ရိုက်နှက်ပြီး အသက်ဘေးမှ ကယ်တင်ခဲ့ပါတယ်။
အသက် ၅၀ နှစ် အရွယ် Mark Bradley ဆိုသူဟာ သတ္တု မီးအိမ် တစ်ခုအား မီးပလပ် တွင်တပ်ဆင်နေစဉ် ဗို့အား ၁၁၀၀၀ ရှိသည့် ရှော့ခ် ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Ade Savage ဆိုသူ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ဦးဟာ Mark ရဲ့ အဖြစ်အပျက်ကို တွေ့ရှိခဲ့ပြီး သူ့အား ထိုးနှက်ပြီး လျှပ်စစ်ဓါတ်နှင့် ဝေးရာသို့ ဆွဲထုတ်ရန် ကြိုးစားခဲ့သော်လည်း သူကိုယ်တိုင်ပါ ဓါတ် လိုက်ခဲ့ သည့် အတွက် သစ်သားချောင်း တစ်ခုအား ဆွဲယူ၍ Mark အား အရှိန်ပြင်းထန်စွာ ရိုက်နှက် လိုက် မှသာ Mark ဟာ လျှပ်စစ်စီးကြောင်းနဲ့ ပြတ်တောက်သွားခဲ့ရပါတယ်။
သစ်သားသည် လျှပ်စစ် မစီးဆင်းနိုင်သော အရာဝတ္ထု ဖြစ်သည့် အတွက် Ade ဟာ ဓါတ်လိုက်ခဲ့ခြင်း မရှိပဲ သူ့ရဲ့ သူငယ်ချင်း Mark ကိုကယ်တင်နိုင် ခဲ့တာဖြစ်ပြီး Mark ကတော့ သူ့ရဲ့ မျက်နှာ နဲ့ လက်မောင်းတို့ မှာ မီးလောင်ကျွမ်းခဲ့ပြီး နားထဲမှ သွေးထွက်ခဲ့သည့်အတွက် ဆေးရုံသို့ပို့ဆောင် ခဲ့ရတယ်လို့ သိရပါတယ်။
Credit : http://www.mirror.co.uk/news
0 comments:
Post a Comment