ဒေလီ တိရိစ္ဆာန်ရုံမှာ ကျားဖြူ တစ်ကောင်တိုက်ခိုက်ခဲ့လို့၁၂တန်း ကျောင်းသားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။
အခင်းဖြစ်ပွားပုံက ကျောင်းသားလေးဟာ ကျားတွေ အဝေးမှာပဲ ရှိနေတယ် အထင်ဖြင့် ကျားလှောင်အိမ်ထဲကို ခုန်ဝင်လိုက်ချိန်မှာ ကျားကသူ့ရှေ့ တည့်တည့်မှာ ရပ်နေခဲ့ပါတယ်။
ကောင်လေးဟာ အလွန်ထိတ်လန့် တုန်လှုပ်နေခဲ့ပြီးလှောင်အိမ် အပြင်မှာ ရပ်ကြည့်နေကြတဲ့ လူတွေဟာ ကျားကို ခဲတွေနဲ့ပေါက်ပြီးခြောက်လှန့် ခဲ့ကြပါတယ်။ခဲတွေနဲ့ အပေါက်ခံခဲ့ရတဲ့ ကျားကြီး ဟာဒေါသ ထွက်နေပြီးကောင်လေးကို လည်ပင်းမှကိုက်ချီ ပြီး လူတွေနဲ့ ဝေးရာကို ဆွဲသွားခဲ့ပါတယ်။
လည်ပင်းကို အကိုက်ခံရတဲ့ ဒဏ်ရာနဲ့ ကျောင်းသားလေးသေဆုံး သွားခဲ့ပါတယ်။
Credit : http://www.wtfnewz.com
0 comments:
Post a Comment