ရဲဝန်ထမ်းတစ်ဦးဟာ ယာဉ်တိုက်မှုတစ်ခုကနေ သူမထင်မှတ်ထားတဲ့ အရာတွေကို ယာဉ်မောင်း ပြတင်းပေါက် ကနေ တစ်ဆင့် တွေ့ခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ Justine King လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ၀တ်လစ်စလစ်နဲ့ ယာဉ်မောင်းထိုင်ခုံမှာ ရှိနေပြီး ၀ီစကီပုလင်းအလွတ် တစ်လုံးကို သူမဟာ ဖင်ခု ထိုင်ထားပါတယ်။
ထိုအနေအထား နဲ့ပဲ သူဟာ အခြား မော်တော်ကား တစ်စီးကို ၀င်တိုက်ခဲ့တာဖြစ်ပါတယ်။
Pennsylvania နိုင်ငံ က ရဲဝန်ထမ်းတွေဟာ အသက် ၃၃ နှစ်အရွယ် King ဆိုသူအမျိုးသမီးကို Pittsburgh မြို့တော်က သူမနေထိုင်တဲ့ Aliquippa မြို့ နယ်နားမှာ တွေ့ခဲ့တာဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်ထုတ် Chevrolet Malibu ကားကိုမောင်းနှင်ပြီး ယာဉ်တိုက်မှု ဖြစ်ပွားစေခဲ့တဲ့ ထိုအမျိုးသမီး ကို ရဲတပ်ဖွဲ့က ကားပေါ်မှ ဆင်းလာဖို့ မေးမြန်းခဲ့ရာ သူမဟာ အ၀တ်အစား တွေ အိမ်မှာ ကျန်ခဲ့တယ်လို့ဆိုပါတယ်။
ရဲဝန်ထမ်းတွေ ရှာဖွေခဲ့တဲ့အခါမှာတော့ သူမရဲ့ အ၀တ်အစားတွေ ဟာ ယာဉ်မောင်းထိုင် ခုံအောက် မှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။
King ဟာ အရက်မူးပြီး ကားမောင်းခြင်း ၊ စည်းမဲ့ ကမ်းမဲ့မောင်းနှင်ခြင်း ၊ ညစ်ညမ်းမှု အားဖော်ပြခြင်း တို့နဲ့ အရေးယူ ခံရမယ်လို့သိရပါတယ်။
Credit : http://www.mirror.co.uk/news
0 comments:
Post a Comment