Florida ရှိ ကြောင်ပိုင်ရှင်များသည် သူတို့၏ အိမ်မွေး တိရိစ္ဆာန်လေးများ သက်တမ်း ကုန်၍ သေဆုံး သည်ဖြစ်စေ ကားဆိုက်ခံ ရ၍ သေဆုံး သည်ဖြစ်စေ သေဆုံးသွားသော အခါတွင် မြေမြှုပ် သဂြိုဟ်ပေးလေ့ ရှိကြောင်းကို Humane Society of Tampa Bay ဘလောခ့်တွင် ရေးသားဖော်ပြလေ့ရှိပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်ခန့်က ကြောင်လေးတစ်ကောင်ဟာ သူတို့ အိမ်နားက ခြံထဲကနေ သူရဲ့ သင်္ချိုင်းကို ဖောက်ပြီး ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။
Humane Society ၏ ပြောကြားချက် အရ ကြောင်ကလေးမှာ အလွန် အားနည်းနေပြီး ဂရုစိုက်ကုသမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါတယ်။
သူတို့အနေနဲ့ အံ့သြဖို့ကောင်းတဲ့ ဖြစ်ရပ်ဆန်းတွေကို ကြုံ ဖူးသော်လည်း ဒီလို ဖြစ်ရပ်မျိုးကိုတော့ တစ်ခါမှ မကြုံ ခဲ့ဖူးပါဘူး လို့လည်း ပြောကြားခဲ့ပါတယ်။
အခြားဆေးခန်းတွေကို သွားဖို့အတွက် အခကြေးငွေ မတတ်နိုင် တာကြောင့် ကြောင်ပိုင်ရှင်ဟာ Humane Society သို့ သူ့ကြောင်လေးကိုခေါ်ပြီး လာရောက် ကူသခဲ့ပါတယ်။
ကြောင်လေးရဲ့ ကျိုးနေတဲ့ အရိုးတွေ မျက်နှာပေါ်က ဒဏ်ရာတွေကို ကုသပေးခဲ့ပြီး မျက်လုံးတစ်ဖက်က ဒဏ်ရာဟာဆို တော်တော်လေးကို ဆိုးဝါးခဲ့ပါတယ်။ ထိုပျက်စီးနေတဲ့ မျက်လုံးတစ်ဖက်ကို ဆာဂျ ရီပြုလုပ် ကုသမှာဖြစ်ပါတယ်။
Credit : http://cnews.canoe.ca
0 comments:
Post a Comment