တရုတ်နိုင်ငံ ကဆယ်ကျော်သက် တစ်ယောက်ဟာ အင်တာနက်သုံးစွဲခြင်းအား စွဲလန်းနေမှုကို ကုသရန်အတွက် သူ့ရဲ့ ဘယ်ဘက်လက်ကို ဖြတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။
Jiangsu စီရင်စု ၊ Nantong
မြို့ နယ်မှာနေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်ဟာ မီးဖိုချောင်သုံးဓါးနဲ့ သူ့လက်ကို သူဖြတ်ပစ်ပြီး တဲ့အခါမှာ ဆေးရုံကို သွားခဲ့ရပါတယ်။
Little Wang လို့အမည်ရတဲ့ ထိုလူငယ်ဟာ သူ့အိမ်က မီးဖိုချောင်သုံး ဓါးကိုယူပြီး အိမ်အပြင်ထွက်ခဲ့ပါတယ်။ အိမ်မှာတော့ သူအမေအတွက် စာတစ်စောင်ရေးပြီး ထားခဲ့ပါတယ်။ ထိုစာထဲမှာတော့ “အမေ.. သား ဆေးရုံ ခဏ တက်ရမယ်။စိတ်မပူပါနဲ့ မကြာခင်ပြန်လာခဲ့မယ်” လို့ရေးသားခဲ့ပါတယ်။
အဲဒီနောက် အများပြည်သူ ထိုင်ခုံ တန်းလျားတစ်ခုမှာ အသင့်ပါလာတဲ့ ဓါးနဲ့ သူ့ရဲ့ လက်မောင်းကနေ လှီးချခဲ့ပါတယ်။
ပြီးနောက် သူကိုယ်တိုင် တက္ကစီ ငှားပြီးဆေးရုံကို သွားခဲ့တာဖြစ်ပါတယ်။
ဆေးရုံက ခွဲစိတ် ဆရာဝန်တွေ ကတော့ ရဲတွေ ရှာဖွေတွေ့ ရှိလာတဲ့ Little Wang ရဲ့ ပြတ်တောက်သွားတဲ့ ဘယ်လက် ကို ပြန်လည် တပ် ဆင်ဖို့ ကြိုး စားနေပါတယ်။
Credit : http://www.mirror.co.uk/news
0 comments:
Post a Comment