သူများရဲ့ အောင်မြင်မှုတွေကို ဆန့်ကျင်ချင် စိတ်တွေဖြစ်လာတဲ့အခါမှာ သင့်ကို မပျော်ရွှင်မှုတွေ ဖြစ်ပေါ်စေပြီး စိတ်ဓာတ်ကျ မှုတွေပါ ဖြစ်လာနိုင်ပါတယ်လို့ လေ့လာသူများက ပြောပါတယ်။
Facebook ပေါ်မှာ မနာလို မှုဖြစ်ရပ်တွေဟာ အမှန်တစ်ကယ်ရှိပြီး ဒါတွေက သင့်ကို စိတ်ဓာတ် ကျအောင်ပြု လုပ်လာနိုင်ပါတယ်။
ဒါဟာ လူမှုကွန်ယက်ပေါ်မှာ ကိုယ်သူငယ်ချင်းတွေ လုပ်ဖော် ကိုင်ဖက်တွေရဲ့ နေထိုင်မှုကို ပုံမှန် လေ့လာ ကြည့်ရှုရင်း ကနေ ရရှိလာမယ့် ဆိုးကျိုးတွေ ဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ကိုယ့်အသိ မိတ်ဆွေတွေရဲ့ ကြိုးစားအားထုတ်မှုတွေ အောင်မြင်မှုတွေကို ဆန့်ကျင်ခြင်းဟာ ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်နေတာ ပဲဖြစ်တယ်လို့ Missouri-Columbia တက္ကသိုလ်မှ သုတေသန ပညာရှင် များက ပြောခဲ့ပါတယ်။ ကျောင်းသားရာချီကို လေ့လာခဲ့တဲ့ မှတ်တမ်းအရ အများစုဟာ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေ ဘာလုပ်တယ် ဆိုတာကို အနီးကပ်စောင့်ကြည့်တတ်ကြပြီး ကိုယ်နဲ့ယှဉ်ကာ စိတ်ကျ လက္ခဏာတွေ ဖြစ်လာ ရခြင်း ဖြစ်ပါတယ်။
ပရော်ဖက်ဆာ Margaret Duffy ၏ပြောကြားချက် အရ Facebook အသုံးပြု သူတွေဟာ သူတို့ သူငယ် ချင်းတွေရဲ့ လှုပ်ရှားမှုတွေ နေ့စဉ်ဘဝတွေကို Facebook ကတစ်ဆင့် စောင့်ကြည့်ကာ မနာလို ဝန်တို မှုတွေ ကနေ စိတ်ကျ လက္ခဏာတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
Facebook ဟာ လူသားများအတွက် အပြု သဘောဆောင်တဲ့ အရင်းအမြစ် တစ်ခုဖြစ်ပါတယ် ဒါပေမယ့် တခြား တစ်ယောက်ရဲ့ အောင်မြင် မှုတွေ ကို ဆန့်ကျင်ပြီးနေမယ်ဆိုရင် ဒါဟာ ဆိုးကျိုးတွေပဲ ဖြစ်ပေါ် လာစေမှာ ဖြစ်ပါတယ်။
ဒီလို ဆိုးကျိုးတွေ မဖြစ်လာစေဖို့ အတွက် Facebook အသုံးပြု သူတွေ အနေဖြင့် Facebook သုံးနေစဉ် ဒီလိုအပြု အမူမျိုးတွေ မလုပ်မိစေရန် သတိထားသင့်ပါတယ်။
Facebook ပေါ်မှာ ကားအသစ်တွေ၊ အိမ်တွေ နဲ့ အားလပ်ရက်တွေကို ဈေးနှုန်းကြီးတဲ့နေရာတွေမှာ ကုန်ဆုံးခဲ့တာတွေကို ပိုစ့်တင်တဲ့အခါ မနာလို ဝန်တို မှုတွေကို ပိုဖြစ်လာစေကြောင်း သုတေသန ပညာရှင်တွေက ရှာဖွေတွေ့ ရှိခဲ့ပါတယ်။
ဒီမနာလိုမှုတွေဟာ Facebook အသုံးပြုတွေကို စိတ်ကျရောဂါတွေ ဖြစ်လာစေတဲ့ လက္ခဏာ တွေဖြစ်ကြောင်း လည်း ရှာဖွေတွေ့ ရှိခဲ့ ပါသေးတယ်။
Credit : http://news.sky.com
0 comments:
Post a Comment