Powered by Blogger.

Starbucks ကော်ဖီဆိုင်မှာ မင်္ဂလာဆောင်ခဲ့တဲ့ စုံတွဲတွေ


“ latte ကော်ဖီတစ်ခွက်နဲ့ cappuccino ခွက်ရှည်တစ်ခွက်လောက် ကျွန်တော်ရဲ့ သတို့သမီး အတွက်ပေးပါ” ကြားလေ့ကြားထ မရှိတဲ့ အစားအသောက်မှာယူခြင်းတစ်မျိုးဖြစ်ပေမယ့်လည်း ဒါဟာ တစ်ကယ့် စကား တစ် ခွန်းပါ။ တစ်ချို့လူတွေဟာ Starbucks ကော်ဖီဆိုင်မှာ မင်္ဂလာဆောင်နေကြပါပြီ။
 သူတို့ဟာ Starbucks ကော်ဖီပုံစံ ၀တ်စုံတွေ ၀တ်ဆင်ပြီး မင်္ဂလာဆောင်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ ရဲ့ မင်္ဂလာဆောင် ဧည့်ခံပွဲ ကိုတော့ Starbucks ကော်ဖီဆိုင်ထဲမှာ ကျင်းပခဲ့ပါတယ်။ အဲဒီ ဓါတ်ပုံ ကို လည်း Instagram မှာတင်ထားခဲ့ပါတယ်။ နောက်တစ်တွဲကတော့ သူတို့ရဲ့ မင်္ဂလာဆောင် စာချုပ် ချုပ်ဆိုခြင်း ကို Starbucks ကော်ဖီဆိုင်မှာ ပြုလုပ်ခဲ့တာပါ။
 Starbucks ကော်ဖီဆိုင်မှာ မင်္ဂလာဆောင်တာပဲဖြစ်ဖြစ် မင်္ဂလာဆောင်နေ့မှာ Starbucks ကိုလာတာ ပဲ ဖြစ်ဖြစ် သင့်ရဲ့သာမန် မင်္ဂလာဆောင်ကုန်ကျစရိတ်တွေထက်တော့ သက်သာမှာပါ။ ဒါပေမယ့်လည်း ဗြိတိန် နိုင်ငံ Starbucks ကော်ဖီဆိုင်ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ သူ့ရဲ့ Starbucks ကော်ဖီဆိုင်မှာ မင်္ဂလာဆောင်ခွင့် မပြုထားဘူးလို့ဆိုပါတယ်။ 


Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment