Powered by Blogger.

အင်တာနက်ဆိုင်တွင် ၃ရက်ကြာဂိမ်းကစားပြီးနောက် သေဆုံးခဲ့သော ထိုင်ဝမ် အမျိုးသား


အသက် ၃၂နှစ်အရွယ် Hsieh ဟု ခေါ်သော အမျိုးသားတစ်ဦးကို ထိုင်ဝမ်ကျွန်းတောင်ပိုင်းရှိ အင်တာနက် ဆိုင် တစ်ဆိုင်တွင် သူ၏ခုံ၌ မလှုပ်မယှက် ထိုင်နေတာကို တွေ့ခဲ့ရပါတယ်။ ဆိုင်မှာ ရှိတဲ့လူတွေက သူကို အိပ်ပျော်နေတာလို့ထင်ခဲ့သော်လည်း ဆိုင်ဝန်ထမ်း တစ်ဦးက သေချာကြည့်ရှုခဲ့ရာမှ အသက် မရှုတော့ တာ ကို သိရှိခဲ့ရပါတယ်။
 သေဆုံးသူ Hsieh သည် ပုံမှန်ဧည့်သည်ဖြစ်ပြီး အမြဲလိုလို ဆိုင်မှာ လာကစားတတ်ပါတယ်။ သူပင်ပန်းလာ တဲ့အခါဆို စားပွဲပေါ်မှာ မျက်နှာအပ်ပြီး အိပ်တတ်ပါတယ်။ အဲ့ဒါကြောင့်လဲ အစမှာ သူပုံစံကို သတိမထား မိခဲ့ တာပါလို့ ဆိုင်ဝန်ထမ်းက ပြောခဲ့ပါတယ်။ ဆေးရုံကို အမြန်ဆုံးပို့ခဲ့သော်လည်း ရောက်ရှိပြီး ခဏတာမှာပဲ သူသေဆုံးသွားခဲ့ပါတယ်။
ဆရာဝန်ပြောကြားချက်အရ ဂိမ်းကြာရှည်ဆော့လွန်းမှုကြောင့် ရုတ်တရက်   နှလုံးရပ်ပြီး   သေဆုံး သွား တာ  ဖြစ်ပါတယ်။ ထိုဖြစ်ရပ်ကဲ့သို့ပင် ၃၈နှစ်အရွယ် အမျိုးသားတစ်ဦးသည် New Taipei မြို့တော်ရှိ အင်တာ နက်  ဆိုင်တစ်ဆိုင်၌  ၅ ရက်ကြာ ဂိမ်းကစားပြီးနောက် သေဆုံးခဲ့ဖူးပါတယ်။


Credit : http://www.news.com.au
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment