Powered by Blogger.

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ Tango နဲ့ Viber သုံးစွဲခွင့်တွေကို ပိတ်ပင်


နိုင်ငံအများစုဟာ သူတို့နိုင်ငံတွေမှာ ဆန္ဒပြသူတွေ ၊ ဆူပူမှု တွေဖြစ်ပေါ်လာတိုင်း မိုဘိုင်းဖုန်းတွေနဲ့ မက်ဆေ့ဂ်ျ ပေးပို့တဲ့ app တွေကို သုံးခွင့်ပိတ်လေ့ရှိပါတယ်။ အခု ဘင်္ဂလားဒေ့ရှ် နိုင်ငံလည်း မက်ဆေ့ဂ်ျပေး ပို့  တဲ့ app တွေကို သုံးခွင့်ပိတ်လိုက်ရပါပြီ။
 ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ Tango and Viber သုံးစွဲခွင့်တွေကို ပိတ်လိုက်ပါတယ်။ အကြောင်းအရင်း ကတော့ အစိုးရ ကိုဆန့်ကျင်တဲ့ ဆန္ဒပြသူတွေ အချင်းချင်း လှုပ်ရှားမှုတွေ အကြောင်း သတင်းပို့လို့ မရတော့အောင်ပါ။ တရားဝင် ပိတ်ကြားခဲ့တာဖြစ်ပြီး အချိန်အတိုင်းအတာ တစ်ခုအထိသာ သုံးခွင့်ပိတ်ထားမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရကဆိုပါတယ်။
 ဒါပေမယ့်တစ်ကယ်တမ်းမှာတော့ Tango and Viber တို့ဟာ အဓိက ပြသနာမဟုတ်သေးပါဘူး။ လူမှုကွန် ရက်တွေကလည်း နိုင်ငံရေး လှုံ့ ဆော်မှုတွေအတွက် အသုံးဝင်နေပါသေးတယ်။ အခုလို မက်ဆေ့ဂ်ျပို့တဲ့ app တွေကို သုံးစွဲခွင့် ပိတ်လိုက်ခြင်းဟာ ဆန္ဒပြသူတွေအတွက် တရားမမျှတခြင်း ရဲ့ သက်သေ တစ် ခုဖြစ် လာစေတယ်လို့လည်း ပြည်တွင်း မီဒီယာတွေက သုံးသပ်ကြပါတယ်။ 


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment