Powered by Blogger.

Star War ဝတ်စုံကြောင့် မြွေကိုက်ခံရတာကို ကာကွယ်လိုက်နိုင်


Scott Loxley ဟု ခေါ်သော လူတစ်ဦးသည် Australia တစ်ဝိုက်တွင် အာကာသသိပ္ပံ စိတ်ကူးယဉ် ဇာတ်လမ်းထဲမှ တပ်သားများကဲ့သို့ ဝတ်စုံများဝတ်ကာ လမ်းလျှောက်သွားရင်း ချို့တဲ့သူများအား လှူဒါန်းရန် အလှူငွေ စုလျက်ရှိပါတယ်။
၄၇နှစ်အရွယ် အဆိုပါ ယောင်္ကျားက ၄င်း၏သံချပ်ကာ အင်္ကျီသည် Queensland မြောက်ပိုင်းဒေသများရှိ Kind Brown ခေါ် Mulga ဟု အမည်တွင်သော အဆိပ်ပြင်းတဲ့ မြွေမျိုး ကိုက်ခံရတာကို ကာ ကွယ်နိုင် ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။
ထို့အပြင် မြွေသေသွားပြီလို့ သူထင်နေပေ မယ့် လဲ မြွေက သူ့ခြေသလုံးကို ကိုက်ခဲဖို့ အသေအလဲ ကြိုးစားနေပြီး သူ့ကိုယ်မှာ ဝတ်ဆင်ထားတဲ့ ပလတ်စတစ် ဝတ် စုံကြောင့် မြွေက ကိုက် မရ ဖြစ်နေ ခဲ့ပါတယ်လို့လဲ ပြောကြားခဲ့ပါတယ်။ မြွေက သူကို ကိုက် ခဲ ဖို့   ဒေါသတစ်ကြီး ကြိုးစားခဲ့သော်လည်း သူ့အနေနဲ့ မြွေစွယ်တွေနဲ့ ထိတွေ့နေတဲ့ ခံစားချက်ကလွဲလို့ သူ့အသက် အန္တရာယ်  မထိ ခိုက်ခဲ့ပါဘူး။ 


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment