Powered by Blogger.

တရုတ်တွင် iPhone ၉၄လုံးကို ခန္ဓာကိုယ်တွင် တိတ်ဖြင့်ပတ်၍ မှောင်ခိုသယ်ဆောင်လာသူအား ဖမ်းမိ


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညတွင် ဟောင်ကောင်မှ တရုတ်ပြည်သို့ သွားရန် ကြိုးစားနေသော လူတစ်ဦးကို Shenzhen မြို့ရှိ အကောက်ခွန် ဝန်ထမ်းတစ်ဦးက သွားလာလှုပ်ရှားပုံကို ကြည့်ပြီး သံသယဝင်ကာ စစ်ဆေး ကြည့် ရာမှ သူ၏ ခန္ဓာကိုယ်တွင် iPhone ၉၄လုံးကို တိတ်များဖြင့် ပတ်၍ သယ်ဆောင်လာတာကို တွေ့ကာ ဖမ်းဆီး ရရှိခဲ့ပါတယ်။
သူ၏လက်ထဲတွင် ပလတ်စတစ်အိတ်နှစ်လုံးသာ ပါသော်လည်း အလေးချိန်မှာ အလွန် များပြားနေ တာ ကြောင့် သူဖြတ်သန်း သွားခဲ့သည့် လေဆိပ်ရှိ သတ္တုစစ်ဆေးသည့် ကိရိယာမှ အချက်ပေး သံပေး ခဲ့ခြင်းကြောင့် သိရှိခဲ့ရခြင်း ဖြစ်ပါတယ်။
 iPhone 6, 6+ နှင့် iPhone 5 အစရှိသည့် iPhone ပါကင်ဖောက် အလုံးများကို သူ၏ ခန္ဓာ ကိုယ်  နှင့်  ခြေထောက်များတွင် တိတ်များဖြင့် ပတ်ကာ သယ်ဆောင်လာခြင်း ဖြစ်ပါတယ်။ iPhone ဈေးနှုန်းသည် တရုတ်ပြည်ထက် ဟောင်ကောင်တွင် ပေါင် ၈၀ခန့် ဈေးသက်သာသောကြောင့် တရုတ်ပြည်ရှိ iPhone သုံး စွဲ သူများသည် မှောင်ခို ခိုးသွင်းလေ့ ရှိကြပါတယ်။


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment