Powered by Blogger.

ကလေးငယ်ကို လက်ကိုင်အိတ်ထဲထည့်ခဲ့တဲ့ မိခင်


၂၆နှစ် အရွယ် တရုတ် အမျိုးသမီးတစ်ဦးဖြစ်သူ Xue Hsueh သည် ကိုးလအရွယ်ကလေးငယ်ကို အိတ်ထဲ ထည့် ထားပြီး ခေါင်းသာ အပြင်ထုတ်ပေးထားသည့် ဓာတ်ပုံအားရိုက်ယူပြီး သူမသူငယ်ချင်းများ အားပြသရန် လူမှုကွန်ယက် ပေါ်သို့ တင်ခဲ့ရာမှ အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားပြီး ဝေဖန်မှုများ ခံခဲ့ရပါတယ်။
 အမျိုးသမီးတစ်ဦးက အမျိုးသမီးတိုင်း ဒီလို အိတ်မျိုးရှိသင့်တယ်လို့ ကွန်မန့်ရေးသားခဲ့ပါတယ်။ အခြား တစ်ယောက်  ကတော့ ကြိုးသာပြတ်သွားခဲ့ရင် သူမဘယ်လိုလုပ်မလဲ ဆိုတာကို အံ့သြမိ တယ် လို့  ရေးသား ခဲ့ပါတယ်။
မိခင်ဖြစ်သူက အမျိုးသားတွေအနေဖြင့် သူတို့ကလေးတွေကို ဘယ်လိုဂရုစိုက်တယ်ဆိုတာ သိစေချင် လို့  လှောင်ပြောင်ချင်တဲ့ အနေဖြင့် ဒီဓာတ်ပုံကို ရိုက်ခဲ့တာပါလို့ ပြောခဲ့ပါတယ်။ သူမသား အနေဖြင့်လည်း အိတ်ထဲမှာနေရတာ သဘောကျနေတယ် ဆိုတာကို ဒီဓာတ်ပုံက သက်သေပြနေပါတယ် လို့လည်း   ပြော ခဲ့ပါတယ်။ 


Credit : http://www.express.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment