Maxxzandra Ford သည် Avery ဟု အမည်ပေးထားသော ကလေးငယ်ကို ၁၈ နာရီကြာပြီးနောက်တွင် သဘာဝအတိုင်း အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။
အမေရိကန်ရှိ Maxxzandra ဟု ခေါ်သော အမျိုးသမီးသည် ၁၄.၁ ပေါင် (၆.၄ ကီလိုဂရမ်) အလေးချိန်ရှိ ကလေးငယ်ကို မွေးဖွားခဲ့ပါတယ်။ ကလေးငယ်မှာ သာမန်ထက် ၂ဆ ခန့်ရှိသော အလေးချိန်ဖြစ်သောကြောင့် အားလုံးပဲ အံ့သြခဲ့ရပါတယ်။
Florida ဒေသ Tampa ရှိ St Joseph အမျိုးသမီးဆေးရုံတွင် မွေးဖွားခဲ့သော ကလေးများထဲတွင် Maxxzandra Ford ၏ သား Avery မှာ အလေးချိန် အများဆုံး ဖြစ်ပါတယ်။
Avery လေးကို မွေးဖွားဖို့ သူ့မိခင်မှာ ၁၈နာရီကြာ ကြိုးစား၍ သဘာဝအတိုင်း မွေးဖွားခဲ့ရပါတယ်။
Ms Ford ဟာ သူမတွင် ကိုယ်ဝန်ရှိနေမှန်း ကို ၃၅ ပတ်ကြာ ထိအောင် မသိခဲ့ဘူးလို့ မီဒီယာတစ်ခုမှ သိရှိရပါတယ်။
WFLA နှင့် WFTS ရုပ်သံအစီစဉ် များတွင် ပြီးခဲ့တဲ့ ဆောင်းဦးကမှ သူမ ကိုယ်အလေးချိန်တွေ တက်လာ တာအရမ်းမြန်နေတယ် အထင်နဲ့ ဆရာဝန်ထံ သွားခဲ့ရာမှ ကိုယ်ဝန်ရှိကြောင်း သိခဲ့ရတာပါ လို့လည်း ပြောခဲ့ ပါသေးတယ်။
အစက သူမအနေနဲ့ အမွှာမွေးမယ်လို့ ထင်ခဲ့မိတာ ဖြစ်ပါတယ်။
သူနာပြု ဆရာမ Debbie Moore ၏ ပြောကြားချက်အရ ဒီ အလေးချိန်နဲ့ ကလေးတစ်ယောက်ကို အောင်အောင်မြင်မြင် မွေးဖွားနိုင်တယ် ဆိုတာဟာ မဖြစ်နိုင်ပါဘူး တကယ်ကို အံ့သြစရာဖြစ်ပါတယ်။
Credit : http://news.sky.com
0 comments:
Post a Comment