အမေရိကန် အခြေစိုက် Qualcomm ဆက်သွယ်ရေး ကုမ္မဏီဟာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်လည် တည်ဆောက်ရေး ကော်မရှင် ထံသို့ လက်ဝါးကြီး အုပ်ခြင်းကင်းမဲ့သည့် ရင်းနှီးမြှပ်နှံမှုအတွက် အခွန်ငွေ အဖြစ် ဒေါ်လာ ၉၇၅ သန်း ( တရုတ်ယွမ်ဖြင့် ၆ ဘီလီယံ ) တိတိ ပေးဆောင်ခဲ့ရတယ် လို့သိရပါတယ်။
ဒါ့အပြင် Qualcomm ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရဲ့ တရားဝင် ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ နဲ့ တရုတ်ပြည်တွင်း နည်းပညာ လုပ်ငန်းတွေအတွက် အထောက် အပံ့ပေးဖို့ကိုပါ သဘောတူညီ ထားရပါတယ်။
တစ်ကယ်တော့ Qualcomm ဟာ သူ့ရဲ့ ထုတ် ကုန်ဖြစ်တဲ့ SnapDragon 810 processor ကို တရုတ်နိုင်ငံမှာ ဖြန့်ဖြူး ရာင်းချ ခွင့်အတွက် လိုင်စင် တင်ခဲ့တာဖြစ်ပါတယ်။
အဲဒီအတွက် လည်း တရုတ်ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာ တွေတည်ဆောက် ရာမှာ နဲ့ တရုတ်နိုင်ငံ အတွင်း 4G ကွန်ယက် ဖြစ်မြောက်ရေး အတွက် အသေးစိတ် အခြေအနေတွေမှာ ကူညီပေးမယ်လို့ ကတိပေးထားရပါတယ်။
တရုတ်နိုင်ငံထုတ် စမတ်ဖုန်း လုပ်ငန်းတွေဖြစ်တဲ့ Oppo နဲ့ OnePlus တို့ကိုလည်း Samsung နဲ့ LG တို့လို ထိပ်တန်း အဆင့်ဝင် စမတ်ဖုန်းတွေဖြစ် လာအောင် Qualcomm က ကူညီပေးရဦးမှာပါ။
Credit : http://www.engadget.com
0 comments:
Post a Comment