ဖုန်စုပ်စက် တစ်လုံးဟာ ကြမ်းပြင်ပေါ်မှာ အိပ်ပျော်နေတဲ့ ပိုင်ရှင်ကို တိုက်ခိုက်ပြီး လူသားတွေနဲ့ စက်ပစ္စည်းတွေကြားက စစ်ပွဲကို စတင် ဖိတ်ခေါ်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံ Changwon မြို့မှာရှိတဲ့ အမျိုးသမီး တစ်ဦးဟာ သူမရဲ့ ဖုန်စုပ်စက်ကို ဖုန်စုပ် ဖို့အတွက် အလိုလျောက်စနစ်နဲ့ ဖွင့်ထားခဲ့ပြီး ကြမ်းပြင်ပေါ်မှာ ခဏလှဲအိပ်လိုက်ရာမှာ အိပ်ပျော်သွားခဲ့ပါတယ်။
ထိုအခါမှာ အလိုလျောက်စနစ်နဲ့ ဖုန်စုပ်နေတဲ့ ဖုန်စုပ်စက်ဟာ ပိုင်ရှင် အမျိုးသမီးရဲ့ ဆံပင်မှာ ဖုန်တွေ ရှိနေတာ ကို တွေ့ ရှိသွားပြီး စတင် စုပ်ယူပါတော့တယ်။ ထိုပိုင်ရှင် အမျိုးသမီးရဲ့ ဆံပင်တွေဟာ ဖုန်စုပ်စက် အတွင်းမှာ ညှပ်မိနေပြီး ဆွဲယူထားတဲ့ နာကျင်မှု ဒဏ်ကြောင့် ပိုင်ရှင် အမျိုးသမီးလည်း လန့်နိုးလားပြီး အရေးပေါ် ဌာနကို အကြောင်းကြားခဲ့ရပါတယ်။
ထိုဖုန်စုပ်စက် ပိုင်ရှင်ကို အရေးပေါ် သူနာပြု အဖွဲ့ဟာ ထိခိုက်မှု ပြင်းပြင်း ထန်ထန်မရှိပဲနဲ့ ကယ်တင်လိုက်နိုင် တယ်လို့ တောင်ကိုရီးယား သတင်းစာ တစ်စောင်ဖြစ်တဲ့ Kyunghyang Shinmun က ဖော်ပြထားပါတယ်။
Credit : http://www.mirror.co.uk/news
0 comments:
Post a Comment