အပတ်စဉ်တိုင်း အလှကုန် အမှတ် တံဆိပ်တွေရဲ့ အရွယ်တင်နုပျိုစေရေး ရဲ့ လျှို့ ၀ှက်ချက်တွေပါဝင်တဲ့ ကုန်ပစ္စည်းကြော်ငြာတွေကို တွေ့ မြင်နေရပေမယ့် လည်း ဒါဟာ တစ်ကယ့်လျှို့ ၀ှက်ချက်တွေ မဟုတ်ဘူးလို့ အရေပြားဆိုင်ရာ ကျွမ်းကျင် သူတွေက မှတ်ချက်ပြုပြောဆို လိုက်ပါတယ်။
အမျိုးသားတွေ အတွက်ကတော့ အရွယ်တင်နုပျိုစေမယ့် နည်းလမ်းကောင်း ကတော့ ပိုက်ဆံ အကုန်အကျ သက်သာပြီး ထိရောက်လှပါတယ်။ မုတ်ဆိတ် ရိတ်ခြင်းပါ။ အမျိုးသားတွေအတွက် မုတ်ဆိတ်ရိတ်လိုက်တဲ့ အချိန်တိုင်းမှာ မျက်နှာရဲ့ အပေါ်ဆုံး အရေပြားအလွှာကို သန့် စင်သွားစေပါတယ်။
လန်ဒန်မြို့က အရေပြား ဆိုင်ရာ ကျွမ်းကျင် သူတစ်ယောက်ဖြစ်တဲ့ Dr.Michael Prager ရဲ့ အဆိုအရ အရွယ်တင်နုပျိုစေဖို့ အတွက် အဓိက သက်ရောက်မှု ရှိတဲ့ လုပ်ရပ်ဟာ မုတ်ဆိတ် ရိတ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသမီးတွေ အနေနဲ့လည်း မုတ်ဆိတ်ရိတ်ခြင်း အားဖြင့် မျက်နှာရဲ့ အပေါ်ဆုံး အလွှာမှာ ရှိတဲ့ ဆဲလ်များကို အသစ်ပြန် လည်ဖြစ်ပေါ်စေပြီး အစက် အပြောက်လေးများကို ပြောက်ကင်းစေပါတယ်။
အမျိုးသမီး အများစုဟာ မုတ်ဆိတ် ရိတ်ခြင်းကို ခြေသလုံးမွှေး ရိတ်ခြင်းကဲ့သို့ပင် အမွှေးများ ထူထပ် စွာပြန် လည် ပေါက်လာမည်ကို စိုးရိမ်သဖြင့် ငြင်းဆန်လေ့ရှိပါတယ်
အမှန်တစ်ကယ်တော့ မုတ်ဆိတ်ရိတ်ခြင်းဖြင့် မုတ်ဆိတ်မွှေးများ ထူထပ်စွာ ပေါက်ရောက်လာခြင်း မရှိပါဘူး။ အမျိုးသမီးများ အတွက် မုတ်ဆိတ် ရိတ်ခြင်း ဟာ လည်း အရွယ် တင်နုပျို ခြင်းရဲ့ လျှို့ ဝှက်ချက် တစ်ခုဖြစ်တယ်လို့ လေ့လာမှု တစ်ခုအရ သိရပါတယ်။
Credit : http://www.mirror.co.uk/news
0 comments:
Post a Comment