Facebook အသုံးပြု သူတွေ သေဆုံးသွားတဲ့အခါမှာ ကိုယ်ရဲ့ ကိုယ်ပိုင် စာမျက်နှာကို စီမံခန့်ခွဲပေးနိုင်ခွင့် အမွေသဘောမျိုး ဆက်ခံနိုင်မယ့်လူ ထားရှိနိုင်ဖို့ လုပ်ဆောင်မယ် ဖြစ်ကြောင်း လူမှုကွန် ရက်ကြီး ကနေ ကြေငြာ ခဲ့ပါတယ်။
အသုံးပြု သူတွေ သေဆုံးပြီး သွားတဲ့နောက်မှာ သူတို့ရဲ့အကောင့်မှာ ဘာတွေ ဘယ်လိုလုပ်ခဲ့ချင်တယ် ဆိုတာကို ရွေးချယ်နိုင်အောင် Facebook က စီစဉ်နေကြောင်း ကြေငြာခဲ့ပါတယ်။
“legacy contact” ဆိုတဲ့ Feature သစ်ကို စတင် ထုတ်လွှင့်လိုက်ပြီး အသုံးပြု သူတွေအနေဖြင့် မိမိရဲ့ သူငယ်ချင်း သို့မဟုတ် ဆွေမျိုး တွေကို ကြိုက်နှစ် သက်သူကို ရွေးချယ်ကာ စီမံခန့် ခွဲခွင့် ပေးထားခဲ့နိုင်မှာ ဖြစ်ပါတယ်။
ရွေးချယ်ခံရတဲ့ အမွေဆက်ခံသူ “Facebook Heir” တွေအနေနဲ့ကတော့ ပိုင်ရှင်ရဲ့ profile ပုံ နှင့် cover ပုံများကို ပြောင်းလဲပေးနိုင်မည် ဖြစ်ပြီး သူငယ်ချင်း အသစ်လက်ခံခြင်းတွေကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
ကိုယ်ရေးကိုယ်တာ message တွေကို ကြည့်ရှုတာကတော့ ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။
ထို့အပြင် သေဆုံးသွားပြီဆိုတာနှင့် အကောင့်ကို ဖျက်ပစ်လိုက်နိုင်ရန် လည်း တောင်းဆို ထားနိုင် မည် ဖြစ်ပါသည်။
လက်ရှိမှာတော့ “Legacy contact” feature ကို အမေရိကန်မှာ အစမ်းအနေဖြင့် အသုံးပြု လို့ ရနေပြီ ဖြစ်ပြီး မကြာမီမှာ အခြားသော နိုင်ငံတွေထိ ပျံ့ နှံ့ကာ အသုံးပြုနိုင်တော့ မည် ဖြစ်ပါတယ်။
Credit : http://news.sky.com
0 comments:
Post a Comment