Powered by Blogger.

မိန်းမလိုဝတ်ထားတဲ့ ဓားပြက McDonald’s ဆိုင်တွင် ဝင်ရောက်လုယက်


မိန်းမကဲ့သို့ ဝတ်ဆင်ကာ ရုပ်ဖျက်ထားတဲ့ ဓားပြက စားသောက်ဆိုင် တစ်ခုကို ဖောက်ခွဲမယ် လို့ခြိမ်းခြောက် ခဲ့ပါတယ်။ သူခများ ဒေါက်ဖိနပ် စီးထားရတဲ့အတွက် ရုပ်ဖျက်ထားရတာ တော်တော်ကို ခက်ခဲနေရှာပါတယ်။ အဆိုပါ ဓားပြသည် အမျိုးသမီး တစ်ဦးကဲ့သို့ ဝတ်ဆင်ထားးပြီး ခေါင်းတွင်လည်း ရွှေအိုရောင် ဆံပင်တု တပ်ဆင်ကာ ဇကာပေါက် stocking နှင့် ဒေါက်ဖိနပ်အမြင့်ကို စီး၍ သြစတြေးလျ ရှိ McDonald’s ဆိုင် ကို ဖောက်ခွဲပစ် မယ်လို့ခြိမ်းခြောက်ခဲ့ပါတယ်။
 ထိုငနဲသည် ဘယ်လောက်ပင်ရုပ်ဖျက် ရုပ်ဖျက် သူရဲ့ မေးရိုးက မုတ်ဆိတ်တိုလေးတွေကိုတော့ ဖုံးကွယ် ထားလို့မရခဲ့ပါဘူး။ Melbourne ရှိ စားသောက်ဆိုင်ရဲ့ CCTV ကနေ သူ့ကို ဖမ်းမိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၈ရက် မနက် ၇နာရီ ၄၅မိနစ်ဝန်းကျင်က အဆောက်အအုံ အတွင်းသို့ ဝင်ရောက်လာကာ ဝန်ထမ်းတွေကို သူရဲ့ ပလတ်စတစ် ခွက်ထဲမှာ ဖောက်ခွဲပစ္စည်းတွေ ပါလာကြောင်း သတိပေး ခြိမ်းခြောက်ခဲ့ပါတယ်။ သြစတြေးလျ မီဒီယာတွေရဲ့ ထောက်လှမ်းချက်အရ အဆိုပါ ဓားပြဟာ ဝန်ထမ်းတွေဆီက ပိုက်ဆံကို တောင်းယူခဲ့ တာဖြစ်ကြောင်း သိရပါတယ်။
 သူထွက်ပြေးသွားတဲ့အခါမှာတော့ သူ့လက်ထဲက ပစ္စည်းတွေကို ပစ်ချခဲ့တဲ့အပြင် ဆံပင်အတုကိုလည်း လွှတ်ပစ်ခဲ့ပါတယ်။ ရဲတွေက ရှာဖွေကြည့်ခဲ့သော်လည်း ဗုံးကို မတွေ့ခဲ့ပါဘူး။ ရရှိတဲ့ အချက်အလက်တွေ အရ အရပ် ၆ပေ ခန့်မြင့်တဲ့ ခပ်ပိန်ပိန် အသားဖြူဖြူ လူတစ်ယောက်ကို သံသယရှိကြောင်း ဖော်ပြခဲ့ပါတယ်။


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment