လန်ဒန်မှာ ရှိတဲ့ အမျိုးသားတွေရဲ့ ခြေထောက်တွေဟာ ပိုမို ကြီးထွားလာကြတဲ့ အတွက် ဖိနပ် ဆိုက်ဇ်တွေကို ပိုမို တိုးမြှင့် ချုပ်လုပ်နေရတယ်လို့ လေ့လာမှု တစ်ခုအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂ လ အတွင်းက ဗြိတိန် နိုင်ငံ မှာ ဆိုက်ဇ် နံပါတ် ၁၁ ရှိတဲ့ ဖိနပ်တွေကို ရှာဖွေသူတွေ ၈၃ ရာခိုင်နှုန်းအထိ များပြား လာတယ် လို့ သိ ရ ပါတယ်။
ခြေထောက် အရွယ်အစားကြီးမား လာတဲ့ အမျိုးသားတွေ အများဆုံးရှိနေတာ ကတော့ လန်ဒန်မြို့ဖြစ်ပြီး ဒုတိယ ကတော့ ရှက်ဖီးလ်မြို့ဖြစ်ပြီး တတိယကတော့ လိဒ် မြို့ ပဲဖြစ်တယ်လို့ Jacamo အမှတ်တံဆိပ် ဖိနပ်ကုမ္မဏီ ရဲ့ လေ့လာမှု တစ်ခုအရ သိရပါတယ်။
မန်ချက်စတာမြို့ နဲ့ လီဗာပူးမြို့ တို့ ကတော့ ဆိုက်ဇ် ၁၁ ရှိတဲ့ ဖိနပ်တွေ ၀ယ်ယူအား ၆၉ ရာခိုင်နှုန်းအထိ များပြားလာတဲ့ အတွက်စတုတ္ထ နေရာမှာရှိနေပါတယ်။
လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်းမှာလည်း ဗြိတိန် နိုင်ငံမှာရှိတဲ့ အမျိုးသားတွေ အတွက် ဖိနပ်ဆိုက်ဇ်ကို ၈ ကနေ ၁၀ အထိ ပြောင်းလဲ ထုတ်လုပ်ပေး ခဲ့ရပြီး အခုအခါမှာ ၁၁ အထိ ၀ယ်ယူသူတွေ များပြားလာတာ ဖြစ်တယ်လို့သိရပါတယ်။
0 comments:
Post a Comment