ကမ္ဘာကျော် ရုပ်သံ သတင်းဌာန တစ်ခုဖြစ်တဲ့ BBC သတင်းဌာနကနေ ခွေးတစ်ကောင်ကို အင်တာဗျူး ခဲ့တယ်လို့ ဆိုကာ ဓါတ်ပုံနဲ့တကွ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
Bounce လို့ခေါ် တဲ့ ခွေးတစ်ကောင် ဟာ BBC သတင်းဌာနရဲ့ အင်တာဗျူး အစီအစဉ်တွေမှာ ကျွမ်းကျင်သူတွေ ၊ နိုင်ငံရေးသမား တွေသာ ထိုင်လေ့ ရှိတဲ့ ထိုင် ခုံမှာ ထိုင်နေခဲ့ပြီး BBC သတင်း တင်ဆက်သူ Julian Worricker က မေးမြန်းနေ တာဖြစ်ပါတယ်။
ထိုဓါတ်ပုံတွေဟာ လူမှုကွန်ရက်တွေမှာလည်း ဟာသ တစ်ခုအနေဖြင့် ပြောဆိုလာကြပါတယ်။ အမှန်တစ်ကယ်က BBC သတင်းဌာနရဲ့ သတင်း တင်ဆက်သူ Julian Worricker က Vienna မှာရှိတဲ့ Messerli သုတေသန တက္ကသိုလ် က ပြုလုပ်တဲ့ လေ့ကျင့်ထားတဲ့ ခွေးလိမ္မာတွေရဲ့ ပျော်ရွှင်တဲ့မျက်နှာပုံ နဲ့ ဒေါသထွက်တဲ့ မျက်နှာတွေအကြောင်း ကို တွေ့ဆုံမေးမြန်းခန်းမှာ ထိုခွေးလေးက ထိုင်ခုံပေါ် ခဏ တပ်ထိုင် ခဲ့တာဖြစ်ပါတယ်။
ထိုသို့ ထိုင်နေတဲ့ အချိန်မှာပဲ BBC က ခွေးရဲ့အမည်ကို စာတန်းထိုးခဲ့တဲ့အတွက် အားလုံးက အံ့အား သင့်ခဲ့တာဖြစ်ပါတယ်။ ထို ထိုင်ခုံမှာ ခဏထိုင်ပြီးတဲ့နောက် Bounce ဆိုတဲ့ ခွေးလေးဟာ ထိုင်ခုံပေါ်က ချက်ချင်း ပြန်ဆင်းသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Credit : http://www.mirror.co.uk
0 comments:
Post a Comment