ကင်ဆာရောဂါဖြင့် ဆေးကုသမှု ခံယူနေရသေယ အမျိုးသမီးထံသို့ သူမရဲ့ ခွေးလေးဟာ အလည်လာခဲ့သဖြင့် သူမသည် အတိုင်းမသိ ဝမ်းသာခဲ့ရပါတယ်။
Sissy လေးဟာ အိမ်ကနေ ဘလော့ခ်ပေါင်း ၂၀ခန့်ကွာဝေး သည့် Mercy Medical Center သို့ အပြေးသွားခဲ့ပါတယ်။
ထိုခွေးလေး၏ ပိုင်ရှင်မှာ အသက် ၆၄နှစ် အရွယ် Nancy Franck ဖြစ်ပြီး သူမသည် ဆေးရုံတက်နေရတာ ၂ပတ်ခန့်ရှိပြီ ဖြစ်ပါတယ်။
သူမရဲ့ခင်ပွန်း အသက် ၆၆နှစ် အရွယ် Dale Franck က Sissy နှင့် သူမ နဲ့ မောင်နှမတော် သူ Barney ဆိုတဲ့ ခွေးလေးနှစ်ကောင်ကို အိမ်မှာ ပဲ စောင့်ရှောက်ပေးနေ ရပါ တယ်။
ခွေးလေးပျောက် သွားတဲ့အချိန်မှာ Mr.Franck ဟာ နေရာတိုင်းမှာ လိုက်လံ ရှာဖွေခဲ့ ပါတယ်။
ဆေးရုံ က ခွေးလေးရဲ့ လည်ပတ်ပေါ်က အိမ်လိပ်စာနှင့် ဖုန်းနံပါတ်ကို တွေ့ပြီး သူ့ထံကို ဖုန်းဆက် ခဲ့ပါတယ်။
ခွေးလေးဟာ သူမနှာခေါင်းနဲ့ အနံ့ခံကာ သူမသခင်မရဲ့ ကိုယ်နံ့နောက်ကို လိုက်လာခဲ့တာ ဖြစ်ပါတယ်။
ABC သတင်းဌာနကို ပြောကြားခဲ့တဲ့ Mr. Franck ၏ ပြောကြားချက်အရ သူမဟာ သူမရဲ့သခင်မကို ရှာဖို့ ထွက်သွားခဲ့သော်လည်း ဓာတ်လှေကားကို မှန်ကန်စွာ ရှာမတွေခဲ့ပါဘူး တဲ့။
ဆေးရုံဝန်ထမ်းတွေက Sissy လေးကို သနားတာကြောင့် သူမရဲ့ သခင်မကို မိနစ် ပိုင်းလောက် တွေ့ ရအောင် ခွင့်ပြုပေးခဲ့ပါတယ်။
ဒါဟာ Sissy လေးရဲ့မတော်တဆ လမ်းမှားပျောက် ဆုံးသွားမှုလား လူနဲ့ အိမ်မွေး တိရိစ္ဆာန်တွေကြားက သံယောဇဉ် ဆက်သွယ်ချက်လား ဆိုတာကိုတော့ ခုထိ မရှင်းလင်းနိုင်သေးပါဘူး။
Credit : http://news.sky.com
0 comments:
Post a Comment