Microsoft ၏ Online Gaming Network ကို နာရီအတန်ကြာ ပြတ်တောက် သွားအောင် လုပ်ခဲ့ကြောင်း နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ Hacker အဖွဲ့က ပြောကြားခဲ့ပါတယ်။
Xbox Live network ကြီး နာရီအတန်ကြာ ပြတ်တောက် သွားပြီးတဲ့နောက်မှာ Hacking group တစ်ခုဖြစ်တဲ့ Lizard Squad က သူတို့ လုပ်ခဲ့ တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
မနက် ၅နာရီ ဝန်းကျင်ခန့်မှ စ၍ အသုံးပြု သူတွေ အနေဖြင့် ဝင်လို့မရတော့ကာ နာရီအတော်ကြာပြီးနောက် မှာ Xbox ဝက်ဘ်ဆိုဒ်ပေါ်တွင် network ရရှိမှုမှာ ဆက်လက်၍ အကန့် အသတ်ဖြစ်နေကြောင်း သတိပေး စာကို ဖော်ပြထားတာ တွေ့ရှိရပါတယ်။
Lizard Squad ဟာ PlayStation Network နှင့် Xbox Live တို့ကို တိုက်ခိုက် ခဲ့ရာကနေ ပိုမိုထင်ရှား လာခဲ့တာ ဖြစ်ပါတယ်။
“Xbox (360) Live#offline” ဟု ကြော်ငြာရန် သူ့ရဲ့ Twitter အကောင့်ကို သုံးခဲ့ပါတယ်။
အဲ့ကြေငြာစာ အပြီးမှာပင် "Haha 'Xbox' is trending worldwide. We're back :)"လို့ Xbox ဘက်က ပြန် လည် ရေး သား ခဲ့ပါတယ်။
ဒါပေမယ့် တနင်္လာနေ့မှာ "One more thing: Tell KimDotcom to take his vouchers and shove them up his fat a**." လို့ Lizard Squad ဘက်က ထပ်မံရေးသား ခဲ့ပြန်ပါတယ်။
ဇန်လဝါရီလ တုန်းက Christmas Day attack နဲ့ ပတ်သတ်နေတဲ့ Southport က ၁၈နှစ် အရွယ် ကောင်လေး တစ်ယောက်နှင့် Twickenham မှ ၂၂နှစ်အရွယ် ကောင်လေး တစ်ယောက်ကို ဖမ်းဆီး ရမိခဲ့ပါတယ်။
0 comments:
Post a Comment