Nintendo ဂိမ်းကုမ္မဏီ ဟာ NFC နဲ့ချိတ်ဆက်ရတဲ့ Amiibo အရုပ်တွေကို အရေအတွက် ၅.၇ သန်း ကျော် တင်ပို့ ရောင်းချနိုင် ခဲ့တယ်လို့ တရားဝင် သတင်း ထုတ်ပြန်လိုက်ပါတယ်။
Link အရုပ်တွေကို ဂျပန် ၊ အမေရိက နဲ့ ဥရောပ ဈေးကွက်တွေသို့ အများဆုံး တင်ပို့ရောင်းချနိုင်ခဲ့တာ ဖြစ်ပြီး Nintendo ရဲ့ အအောင်မြင်ဆုံး ဖြစ်တဲ့ Mario က သြစတေး လျ နိုင်ငံ မှာ ရောင်းအား အကောင်း ဆုံး ဖြစ်ခဲ့ ပါတယ်။ အမေရိက မှာတော့ Mario က ဒုတိယ ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့ပြီး ရောင်းအား အကောင်း ဆုံး က Pikachu ဖြစ်ပါတယ်။
Nintendo ကုမ္မဏီ ရဲ့ ရှယ်ယာရှင် အစည်းအဝေးမှာတော့ Amiibo အရုပ်တွေ ကို ဂိမ်း အဟောင်းတွေရဲ့ Nignette တွေကို လော့ခ် ဖွင့်ဖို့ အသုံးပြု သွားမှာဖြစ်ပြီး တွဲဖက် အ သုံးပြုနိုင် မယ့် NFC – Compatible Cards တွေကိုလည်း ထုတ်လုပ် သွားမယ်လို့ ဆိုပါတယ်။
ရောင်းအား အကောင်းဆုံး Amiibo တွေကတော့ Link , Mario , Pikachu , Kirby , Sanus , Yoshi , Zelda , Donkey Kong , Peach နဲ့ Luigi တို့ပဲဖြစ်ပါတယ်။
Credit : http://www.engadget.com
0 comments:
Post a Comment