Powered by Blogger.

ဗြိတိန်ရဲ့ အသက်အငယ်ဆုံး တက္ကသိုလ်ကျောင်းသား


သချာင်္ပညာမှာ ကျွမ်းကျင်တဲ့ ကလေးငယ် တစ်ဦးဟာ အသက် ၁၀ နှစ်နဲပ ဘွဲ့ယူနိုင်ရန် ကြိုးစားပြီးတဲ့နောက် ဗြိတိန်နိုင်ငံရဲ့ အသက် အငယ်ဆုံး တက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်လာခဲ့ပါတယ်။ Walsall မြို့ မှာနေ ထိုင် တဲ့ အသက် ၁၀ နှစ်အရွယ် Esther Okade ဟာ ပွင့်လင်းတဲ့ တက္ကသိုလ် စနစ်မှာ သချာင်္ဘာသာရပ်နဲ့ ဘွဲ့ရရှိ ရန်ကြိုးစားနေ တာဖြစ်ပြီး လွန်ခဲ့တဲ့ ၃ ပတ်ခန့်ကပဲ သချာင်္ဘာသာရပ်ကို ရမှတ် ၁၀၀ နဲ့ စာမေးပွဲ တစ်ခု ကို အောင်မြင်ခဲ့တယ် လို့သိရပါတယ်။
 ထို ကလေးငယ်ဟာ သူမရဲ့ မိခင်ဖြစ်တဲ့ Efe ရဲ့ သင်ကြားပေးမှုနဲ့ပဲ သချာင်္ ဘာသာရပ်မှာ ကျွမ်းကျင် လာခဲ့ တာဖြစ်ပြီး သူမရဲ့ မောင်တော်စပ်သူ အသက် ၆ နှစ်အရွယ် Isaiah ဟာလည်း သချာင်္ဘာသာရပ်ကို A-Level အဆင့် နဲ့ သင်ကြားနေသူဖြစ်ပါတယ်။ သူမဟာ ၂ နှစ်အတွင်း မထမတန်း ဘွဲ့ကို ရရှိရန် ကြိုးစားနေ ပြီး သူမဟာ PHD ဘွဲ့ကို ရရှိနိုင်ရန် အထိပါ ရည်၇ွယ် ထားတယ်လို့ သိရပါတယ်။ သူမဟာအသက် ၇ နှစ်အရွယ်ကတည်းက တက္ကသိုလ် တက်ချင်နေခဲ့ပြီး အသက် ၁၀ နှစ်အရွယ်မှာသာ သူမရဲ့ မိခင်က A-Level အဆင့် စာမေးပွဲကို ဖြေခွင့်ပေးခဲ့ပြီး အောင်မြင်ခဲ့တဲ့ အတွက် တက္ကသိုလ် ၀င်ခွင့် ကို ရရှိခဲ့တာဖြစ်တယ်လို့ သူမရဲ့ မိခင်ဖြစ်တဲ့ Efe ကဆိုပါတယ်။ Esther ဟာ သြဂုတ်လက တက္ကသိုလ် ၀င်ခွင့် လျှောက်ထားခဲ့ပြီး ဖုန်း အင်တာဗျူး ၊ စာစီစာကုံး နဲ့ သချာင်္စာမေးပွဲ တို့ကို အောင်မြင်ခဲ့တဲ့ အတွက် ဒီဇင်ဘာလ မှာ တက္ကသိုလ် တက်ရောက်နိုင်ပြီဖြစ်ကြောင်း အကြောင်းကြား ခံခဲ့ရတယ်လို့သိရပါတယ်။ 


Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment