အိန္ဒိယမှာ ရှိတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့ပိုင်ဆိုင်တဲ့ ငွေကြေးအားလုံးကို သူတို့ မွေးထား တဲ့ မျောက်လေး အတွက် ချန်ထားခဲ့မယ်လို့ ပြောကြားခဲ့ပါတယ်။
Brajesh နှင့် Shabista Srivastava လို့ ခေါ်တဲ့ စုံတွဲဟာ ကလေးမရှိတဲ့အတွက်ကြောင့် Chunmun လို့ ခေါ်တဲ့ မျောက်လေးကို မွေးကာ ပြု စုစောင့်ရှောက် ခဲ့ပြီး မျောက်ကလေး အရင် သူတို့သာ သေဆုံးခဲ့မယ် ဆိုရင် သူတို့ ပိုင်ဆိုင် သမျှ ကို မျောက် ကလေးအတွက် ထားခဲ့မှာ ဖြစ်ပါတယ်။
သူတို့မရှိတဲ့နောက် သူတို့ရဲ့ မျောက်ကလေး ကို သားကဲ့သို့ မွေးပေးနိုင်မယ့် ယုံကြည်ရတဲ့ အဖွဲ့ အစည်း နဲ့ချိတ် ဆက်ခဲ့ပါတယ်။
Chunmun ဟာ အသက် ၁၀နှစ်ရှိပြီဖြစ်ကာ သူတို့မျိုးရိုးဟာ အသက် ၄၀ထိ နေထိုင် သွားနိုင်မယ့် မျောက်မျိုးစိတ် ဖြစ်ပါတယ်။
အသက် ၄၅နှစ် အရွယ် ရှေ့နေ တစ်ဦးဖြစ်သူ Mrs Srivastava က သူတို့ကို လူတွေက အရူးတွေလို့ ပြောကြတယ် ဒါပေမယ့် Chunmun ဟာ သူတို့အတွက် ဘယ်လောက် အဖိုးတန်တယ်ဆိုတာ သူတို့ပဲ သိတာ ဖြစ်ပြီး သူတို့ဟာ ကလေးမရှိတဲ့ သူတွေဖြစ်ပြီးတော့ Chunmun လေး ကတော့ သူတို့ရဲ့ သားလေး ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။
သူတို့ လင် မယားနှစ်ယောက်သေသွားခဲ့ရင် သူတို့သားလေး Chunmun အပေါ် မကောင်းတဲ့ အကျိုးသက်ရောက်မှု မဖြစ်စေဘဲ ပုံမှန်အတိုင်း ဖြတ်သန်း သွားစေချင်တာကြောင့် ခုလိုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Credit : http://news.sky.com/
0 comments:
Post a Comment