Dad and Baby product Store ပိုင်ရှင် တီထွင်ခဲ့သော Wishbone သည် သာမိုမီတာ တစ်ခုကဲ့သို့ လုပ်ဆောင်နိုင်ပြီး ကလေးငယ်များ၏ ကိုယ်ပူချိန်ကို အလွယ်တကူ တိုင်းတာနိုင်မည် ဖြစ်ပါတယ်။
တရုတ် အခြေ စိုက် Joywing Tech ရှိ ပရောဂျက် Developers များသည် iOS HealthKit ဖြင့် အိမ်မွေး တိရိစ္ဆာန်လေး များ၏ ကိုယ်ပူချိန် ကိုပါ အလွယ်တကူ တိုင်းတာနိုင်စေရန် ကြိုးစား တီထွင်လျက် ရှိပါတယ်။
ဧပြီလမှာ စတင်ကာ ရောင်းချမည် ဖြစ်ပြီး ဈေးနှုန်းမှာ ၃၃ဒေါ်လာ မှ စ၍ ရောင်းချမှာ ဖြစ်ပါတယ်။
Joywing Tech ရဲ့ တည်ထောင်သူများ ဖြစ်ကြတဲ့ Harry Hu နှင့် Robin Gong တို့သည် ကလေးငယ်များ ဖျားနာသည့် အခါတွင် ဖြစ်စေ တစ်မူ ထူးခြားနေသည့် အခါတွင် ဖြစ်စေ သာမိုမီတာဖြင့် ကိုယ်ပူချိန် တိုင်းတာရသည်မှာ အလွန် ခက်ခဲသည့် အချက်ကို အခြေခံကာ Wishbone ကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။
Wishbone သည် Y-shaped ဖြစ်ပြီး ၄၅ ဒီဂရီထောင့်ပုံစံဖြစ်ကာ android သို့မဟုတ် iOS စမတ်ဖုန်းများရှိ headphone jack ပေါက်တွင် တပ်၍ အသုံးပြုနိုင်မည် ဖြစ်ပါတယ်။ တစ်ဖက်တွင် အာရုံခံ sensor ပါရှိပြီး အခြား တစ်ဖက်တွင်မူ ဘက်ထရီပါရှိမည် ဖြစ်ပါတယ်။
Wishbone ကို သုံးရာတွင် မိဘများအနေဖြင့် ကလေးငယ်၏ နဖူးနှင့် ၃-၅ စင်တီမီတာခန့် အကွာ တွင် နှစ် စက္ကန့် လောက် ထားကာ ကိုယ်ပူချိန်ကို တိုင်းတာရမှာ ဖြစ်ပါတယ်။ ရရှိလာသော ကိုယ်ပူချိန် ပမာဏကို ဖုန်းအတွင်းရှိ Wishbone app တွင် ဖော်ပြပေးမှာ ဖြစ်ပါတယ်။
Hu အနေဖြင့် Wishbone ကို အများကြီး မျှော်လင့်ထားလျက် ရှိနေပါတယ်။
Credit : http://techcrunch.com
0 comments:
Post a Comment