အမျိုးသား တစ်ယောက်ဟာ ပျော်ပွဲစား ထွက်ရာက အပြန်မှာ သူချစ်တင်းနှီးနှောဖို့ကြိုးစားခဲ့တဲ့ အမျိုးသမီးက ထိုအမျိုးသားရဲ့ လိင်အင်္ဂါကို ကိုက်ဖြတ်ခြင်း ခံခဲ့ရတဲ့ အတွက် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။
အသက် ၅၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ Florin Ionita ဆိုသူရဲ့ ဘောင်းဘီဟာ ဒူးခေါင်း နား အ ထိ လျှော ကျနေ ပြီး ပန်းခြံထဲမှာ နာကျင်စွာ အော်ဟစ်နေတာကို သူ့ရဲ့ ဇနီးဖြစ်သူ ကတွေ့ ရှိ ခဲ့ပြီး ဆေးရုံသို့ပို့ဆောင် ခဲ့တာဖြစ်ပါတယ်။
“ကျွန်မက ကျွန်မရဲ့ ခင်ပွန်း ၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ပွဲစားထွက်လာတာပါ။ ကျွန်မ သူငယ်ချင်း တစ်ယောက် ကို အိမ်လိုက်ပို့ ရင်း ကျွန်မ ခင်ပွန်းကို သူငယ်ချင်း တစ်ယောက်နဲ့ အတူ ထားခဲ့တာပါ။ ကျွန်မ ပြန်ရောက်တော့ သူ့ရဲ့ ဘောင်းဘီက ကျွတ်နေပြီး ဆေးရုံ ပို့ပေးဖို့ အော်ဟစ်နေတဲ့ ကျွန်မ ခင်ပွန်းကို တွေ့တာပါပဲ”လို့ ဇနီးဖြစ်သူက ဆိုပါတယ်။
Ionita ဟာ သူနဲ့ အတူ ကျန်ခဲ့တဲ့ သူ့ ဇနီးရဲ့ သူငယ်ချင်းဖြစ်သူကို သူ့ရဲ့ ဘောင်းဘီကို ချွတ်ပြီး သူ့ရဲ့ ခန္ဓာ ကိုယ် အောက် ပိုင်း အစိတ် အပိုင်းတွေကို ပြသခဲ့ရာမှ ထို အမျိုးသမီးက ကိုက် ခဲ့တာဖြစ်တယ်လို့ ဇနီးဖြစ်သူ အသက် ၄၉ နှစ်အရွယ် Maria ကဆိုပါတယ်။
Ionita ရဲ့ လိင်အင်္ဂါကို ကိုက်ဖြတ်ခဲ့ သူ အမျိုး သမီး မှာ အသက် ၂၄ နှစ်အရွယ်ဖြစ်ပြီး ရဲစခန်းမှာ သူမကို မုဒိမ်းကျင့်ဖို့ကြိုးစားခဲ့မှုနဲ့ Ionita ကို အမှုဖွင့် ထားတဲ့ အတွက် Ionita ဟာဆေးရုံက ဆင်းလျှင် ထောင်ဒဏ် ၅ နှစ်ခန့် ကျ ခံ ရလိမ့် ဦးမယ် လို့ မော်ဒိုဗာ နိုင်ငံ ချီဆီနော မြို့ ရဲစခန်း ထံမှ သိရပါတယ်။
0 comments:
Post a Comment