Powered by Blogger.

ရဲတပ်ဖွဲ့ ရဲ့ ဖုန်းလိုင်းကို ၆ နာရီကြာစောင့်ဆိုင်းစေခဲ့တဲ့ Verizon ကုမ္မဏီ ဒေါ်လာ ၃.၄ သန်း ပေးလျော်ခဲ့ရ


အမေရိကန် ဆက်သွယ်ရေး ကုမ္မဏီ ဖြစ်တဲ့ Verizon ဟာ ရဲတပ်ဖွဲ့ သို့ အရေးပေါ်ခေါ် ဆိုရတဲ့ ဖုန်းနံပါတ် ၉၁၁ ကို အမြဲတမ်း လိုင်းကောင်းနေအောင် လုပ်ရတဲ့ အလုပ်ကို တာဝန်ယူ ထားရပြီး အတတ်နိုင် ဆုံးလည်း ကြိုးစား ခဲ့ကြပါတယ်။ ဒါပေမယ့် လည်း Verizon ဟာ ရဲတပ်ဖွဲ့ သို့ ဆက်သွယ်လာတဲ့ ကယ်လီဖိုး နီး ယားပြည်နယ် သားတွေရဲ့  ဖုန်းခေါ်ဆို မှုပေါင်း ၇၅၀၀၀၀ ကို ၆ နာရီကြာ ဖုန်းလိုင်း မရ ပဲ စောင့် ဆိုင်းစေခဲ့ တဲ့ အတွက် ဒေါ်လာ ၃.၄ သန်း ပေးလျော် ခဲ့ရတယ်လို့ သိရပါတယ်။ 
ထိုပေးလျော်မှုနဲ့ အတူ Verizon ကို ကြောက် လန့် ဖွယ် ကိစ္စရပ် များဖြစ်နေရင်တောင် ပျက်စီးမှုတွေကို အလျင် အမြန် ပြုပြင် ဖို့လည်း သတိပေး ခံခဲ့ရပါတယ်။ Verizon လို အမေရိကန် အခြေစိုက် ဆက်သွယ်ရေး ကုမ္မဏီ ကြီးတစ်ခု အနေနဲ့ နှစ်စဉ် ဘီလီယံ နဲ့ချီတဲ့ အကျိုး အမြတ် များ ရနေတဲ့ အတွက် ပေးလျော် ခဲ့ရ တဲ့ ဒေါ်လာ ၃.၄ သန်း ဟာ မပြောပလောက်ပေမယ့် လည်း နောက်ထပ် အကြိမ်တွေမှာ သန်းနဲ့ ချီ တဲ့ လျော်ကြေး များပေးမယ့် အစား ၉၁၁ ရဲ့ ဖုန်းလိုင်း ကို အကောင်း ဆုံးဖြစ်အောင် စီစဉ် သွားရပါလိမ့်မယ်။ 


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment