Powered by Blogger.

စာမေးပွဲဖြေဆိုနေတဲ့ကျောင်းသားတွေကို ကျောင်းနံရံ နဲ့ ပြတင်းပေါက်တွေက တစ်ဆင့် အဖြေမှတ်စုတွေပေးပို့ခဲ့တဲ့ မိဘများ


စာမေးပွဲဖြေဆိုနေတဲ့ ကျောင်းသားတွေကို သူတို့ရဲ့ မိဘတွေက ကျောင်းနံရံ နဲ့ ပြတင်းပေါက်တွေက တစ်ဆင့် တွယ်တက်ပြီး အဖြေ မှတ်စု များကို ပေးပို့ခဲ့တဲ့ ဗီဒီယို တစ်ခု ထွက်ပေါ်လာပါတယ်။ အိန္ဒိယ နိုင်ငံ ၊ ဘီဟာ မြို့ မှာရှိတဲ့ အလယ်တန်းကျောင်း တစ်ခုမှာ ကျောင်းသားတွေဟာ စာမေးပွဲ ဖြေဆို နေချိန်မှာ ထိုကျောင်းသားတွေရဲ့ သူငယ်ချင်းတွေနဲ့ မိဘတွေက ကျောင်းနံရံတွေပေါ် တွယ်တက်ပြီး စာမေးပွဲဖြေဆိုနေ တဲ့ကျောင်းသားတွေကို အဖြေမှတ် စုတွေပေးပို့ခဲ့ တာပဲဖြစ်ပါတယ်။
တရားဝင် ထုတ်ပြန်တဲ့ သတင်းတွေ အရတော့ ကျောင်းသား အရေအတွက် ၁.၄ သန်းခန့်ဟာ အလယ်တန်း စာမေးပွဲကို ဖြေဆိုနေကြပါတယ်။ ထိုဒေသရဲ့ ထုံးစံအရ စာမေးပွဲအခန်းထဲ စာခိုးချ တာဟာ ဖြစ်ရိုးဖြစ်စဉ် တစ်ခု မဟုတ်သလို စာမေးပွဲ ဖြေဆို မယ့်ကျောင်းသားတွေဟာ ဖတ် စာအုပ်တွေ နဲ့ ပြန်လည် သင်ကြားခြင်း စာအုပ်တွေကို စာမေးပွဲ ခန်း အတွင်း သယ်ဆောင်သွားခွင့် ရှိတယ်လို့ သိရ ပါတယ်။
အိန္ဒိယ နိုင်ငံပညာရေး ဌာနကတော့ ကျောင်းသား ၄၀၀ ခန့်ကို စာခိုးချတဲ့ အတွက် စာမေးပွဲ ခန်းအတွင်းမှ ထုတ်ပယ်ခဲ့ တယ်လို့သိရပြီး ဘီဟာမြို့  ပညာရေးဝန်ကြီး PK Shahi က တော့ ကျောင်းသား မိဘတွေက မပူးပေါင်းနိုင် တဲ့နောက်မှာ စာခိုးချခြင်း အတွက် အစိုးရက ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 


Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment