Powered by Blogger.

မိသားစု တစ်ခုကို ရိုက်နှက်ပြီး ကားခိုးဖို့ ကြိုးစားခဲ့တဲ့ ဒုစရိုက်သမား တစ်စု ထောင်ဒဏ်ကျခံခဲ့ရ


လူတစ်ယောက်ကို ပုလင်းတွေနဲ့ ပစ်ပေါက်ပြီး bascketball တုတ်နဲ့ ရိုက်ခဲ့တဲ့ ဒုစရိုက်သမား တစ်စုဟာ ထောင်ဒဏ် ကျ ခံခဲ့ ရတယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကတော့ အသက် ၂၅ နှစ် အရွယ် Jamie Mears နဲ့ အသက် ၂၂ နှစ် အရွယ် Andrew James တို့ဟာ မိသားစု တစ်ခုကို တိုက်ခိုက်ပြီး ကားခိုးဖို့ ကြံစည် ခဲ့တာဖြစ်ပါတယ်။ Mr Jones လို့ခေါ်တဲ့ အမျိုးသား တစ်ဦးကို Mears က ပုလင်း တစ်လုံး နဲ့ နဖူးကို ရိုက် လိုက်ပါတယ်။ 
Mr Jones ဟာ သူ့ရဲ့ ဇနီးဖြစ်သူ ၊ သမီးဖြစ်သူ တို့ နဲ့အတူ မိသားစု အလိုက် အတူ ရှိနေ ခဲ့တာပါ။ အဲဒီနောက် မှာတော့ James ဆိုသူက Mr Jones ကိုရော သူ့ရဲ့ ဇနီးဖြစ်သူကိုပါ bascketball တုတ်နဲ့ ရိုက်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ထပ် ပူးပေါင်း ပါဝင်သူ ၂ ယောက်ဖြစ်တဲ့ အသက် ၂၀ အရွယ် Paul Evans နဲ့ အသက် ၂၃ နှစ်အရွယ် Ross Griffiths တို့ဟာ Mr Jones တို့ရဲ့ Renault Modus ကားကို မောင်းပြေးဖို့ ကြိုးစားခဲ့ပေမယ့်လည်း တိုက်မိသွားပြီး အမိုးပါ လန်ထွက် ခဲ့ရပါတယ်။ 
Jamies Mears နဲ့ Andrew James တို့ ၂ ယောက်ဟာ Treherbert မှာ လူတစ်ယောက် ကို သေစေနိုင်လောက် တဲ့ အထိ ရိုက်နှက် ခဲ့တဲ့ ရာဇ၀တ်မှုမှာ ပါဝင်ဖူးတယ်လို့ Wales Online သတင်းဌာန ရဲ့ ဖော်ပြချက် အရ သိရ ပါတယ်။ Mr Jones ကတော့ ခေါင်းမှာ ၇ ချက် ချုပ်ခဲ့ရပြီး ထို ဒုစရိုက်သမား အဖွဲ့  ကတော့ ထောင်ဒဏ် ၂ နှစ် ကျ ခံခဲ့ရတယ် လို့ သိရပါတယ်။ 


Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment