Powered by Blogger.

ကန်ထဲ ကျသွားတဲ့ ပြိုင်ပွဲဝင်ကား


Guanajuato အခြေစိုက် ကားပြိုင်ပွဲ ဒုတိယမြောက်နေ့တွင် Ott Tanak ၏ Ford Fiesta ကို ပြိုင်ပွဲ လမ်းကြောင်းပေါ်မှ လွဲကာ ရေထဲသို့ ကျသွားကြောင်း မှတ်တမ်း ဗီဒီယိုတွင် မှတ်တမ်းတင် ခံခဲ့ရပါတယ်။ Ott Tanak နှင့် သူ၏ ပူးတွဲယာဉ်မောင်းဖြစ်သူ Raigo Molder သည် ရေထဲသို့ ကျသွားသည့် ကားထဲမှ လွတ်မြောက်စေ ရန် ပြိုင်ပွဲဝင် ခါးပတ်များကို ဖြုတ်ကာ တံခါးကို ဖွင့်၍ လွတ်မြောက်အောင် ကြိုးစား ခဲ့ ရပါ တယ်။ ပွဲကြည့် ပရိတ်သတ်များလည်း Estonian ပြိုင်ပွဲဝင်နှစ်ဦး အန္တရာယ် ကင်း ကင်းနဲ့ ရေကူး ထွက် လာနိုင် တာကို တွေ့မြင်ခဲ့ရပါတယ်။ 
အင်ဂျင်နီယာတွေ အနေဖြင့် ရေနစ်သွားသော ကား အစိတ်အပိုင်း များဖြစ်သည့် အင်ဂျင်၊ ဆီလှောင်ကန်၊ တာဘို၊ ဂီယာဘောက်စ့်၊ လျှပ်စစ် အစိတ်အပိုင်း များနှင့် အခြားသော အစိတ် အပိုင်း များ ကို ပြန်လည် ပြင်ဆင်ပေး ခဲ့ပါတယ်။ M-Sport စက်ပြင် ဆရာများ အနေဖြင့် ကြိုးကြိုးစားစားဖြင့် ၃နာရီ အ တွင်း ပြင်ဆင်ပေးနိုင် ခဲ့ပြီး တတိယမြောက် ပြိုင်ပွဲနေ့မှာ Ford Fiesta က အသက်ပြန်ဝင် ကာ ပြိုင်ပွဲ ဝင် လမ်းကြောင်းပေါ် ပြန်လည်ရောက် ရှိလာခဲ့ပါတယ်။ 
Tanak က သူရဲ့ M-Sport အဖွဲ့ဝင် များ၏ လျှပ်စီးလို လျှင်မြန်သည့် အလျင်ဖြင့် ကားပြင်ဆင်နိုင် မှုအတွက် အလွန် ဝမ်းမြောက် ဂုဏ်ယူကာ အရင်က ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ကား က ရေ ထဲနစ်သွားတာ တစ်နေ့ကုန်လောက်ရှိပြီး ကန်အောက်ခြေကနေ ပြန်လည် ဆယ်ယူခဲ့ရတာ ဖြစ်ကာ ကားထဲ မှာလည်း ရေတွေ အပြည့် နီးပါး ဖြစ်နေခဲ့ပါတယ်။ ဒါကိုတောင် စက်ပြင်အဖွဲ့က ၃နာရီ တည်း နဲ့ ကောင်း မွန်အောင် ပြန်လည်ပြင်ပေးနိုင် ခဲ့တာ ဖြစ်ပါတယ်။


Credit :  http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment