Powered by Blogger.

Simpsons ကာတွန်း ဇာတ်ကောင်လေးတွေကို တီထွင်သူ သေဆုံး


Simpsons ကာတွန်း ကားကို ဖန်တီးကာ ပရိတ်သတ်တွေကို ဆွဲဆောင်နိုင် ခဲ့တဲ့ Sam Simon ဟာ နာမကျန်း တာရှည် ဖြစ်ကာ အသက် ၅၉နှစ် အရွယ်တွင် သေဆုံး သွားခဲ့ကြောင်း သူရဲ့ အေဂျင့် က ပြော ကြားခဲ့ပါတယ်။ Simon ဟာ အူမကြီး ကင်ဆာ ရောဂါဝေဒနာကို ခံစားခဲ့ ရ တာ ဖြစ်ပါတယ်။ သူဟာ စာရေးသူ၊ ဒါရိုက်တာ အဖြစ် ကြိုးစား လုပ်ဆောင်ခဲ့ရာ Emmy ဆု ကိုးခုကို ဆွတ်ခူးနိုင်ခဲ့ ပါတယ်။ထို့အပြင် အိမ်တွင်းရေး ဟာသ ကာတွန်းလေးတွေ ကို ဖန်တီး ထုတ်လုပ်ခဲ့သူ လည်း ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်က ပထမဆုံး ထုတ်လွှင့် ခဲ့သော ဇာတ်ကားဖြစ်တဲ့ မိသားစု ဇာတ်ကားလေး ဟာ လည်း အောင်မြင် ခဲ့ ပါတယ်။ Hank Azaria က Simpsons ဇာတ်ကောင် လေးများအတွက် အသံပိုင်း ဆိုင်ရာ ပါဝင် သရုပ်ဆောင်ပေး ခဲ့သူ ဖြစ်ပြီး သူရဲ့ Twitter မှာ “ငြိမ်းချမ်းစွာ အနားယူပါ၊ Simpsons အတွက် ကျေးဇူး တင်ပါတယ် Sam Simon” လို့ ဝမ်းနည်းကြေ ကွဲစွာ ရေးသားခဲ့ပါတယ်။
 The Simpsons ကို မထုတ်လွှင့်နိုင်မီ Simon သည် Taxi, Cheers နှင့် The Tracey Ullman Show စတဲ့ TV show များအတွက် စာရေးသူ အဖြစ် လုပ်ခဲ့တာ ဖြစ်ပါတယ်။သူသည် The Sam Simon Foundation ကို တည်ထောင် ခဲ့ကာ ခွေးများကို ကယ် ဆယ် ကာ သေချာလေ့ ကျင့် ထိန်းကျောင်း ကျွေးမွေးခဲ့ပါတယ်။ သူ့ရဲ့ အဖွဲ့ အစည်းကလည်း Facebook ကနေ “ငါတို့ အားလုံး သူနဲ့ အတူ သူရဲ့  စွမ်းဆောာင် မှုတွေကို လွမ်းနေကြမှာပါ The Sam Simon Foundation မှာလည်း သူ အသက် ရှင်စဉ်က လုပ်ဆောင် ခဲ့တဲ့ အတိုင်း ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment