Powered by Blogger.

ကလိုရင်း ယိုစိမ့်မှုကြောင့် ကလေးငယ် ၁၀ ဦး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရ


ကလေးငယ် ၁၀ ဦးဟာ ရေကူးကန် တစ်ခု အတွင်း ကလိုရင်း ယိုစိမ့် မှုကြောင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ ရတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ ၊ လူနာတင် ယာဉ်နဲ့ မီးသတ်တပ်ဖွဲ့ ဝင်တွေဟာ Cheshire မြို့ မှာရှိတဲ့ Winsford Lifestyle စင်တာမှာ ရှိတဲ့ ရေကူးကန်ကို အရေးပေါ် ရောက်ရှိလာခဲ့ပါတယ်။ အကြောင်း အရင်းကတော့ ကလေးငယ် တစ်စုဟာ ထိုရေကူးကန် အတွင်း ရေကူးပြီးပြီးချင်း ဖျား နာမှုတွေဖြစ်ပေါ်လာ တဲ့အတွက်ပါ။ သက်ဆိုင်ရာရဲ့ သတင်း ထုတ်ပြန်မှု အရတော့ ထိုရေကူးကန်အတွင်း ကလိုရင်း များ တွေ့ခဲ့တယ် လို့သိရပါတယ်။ 
Cheshire ရဲတပ်ဖွဲ့ ရဲ့ ပြောခွင့်ဆိုခွင့် ရှိသူရဲ့ ပြောကြားချက် အရ ကလေးငယ် ၁၀ ယောက်နဲ့ အရွယ်ရောက်ပြီးသူ တစ်ယောက်ဟာ Leighton ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး တစ်ယောက်ချင်း စီရဲ့ ရောဂါဖြစ်ပွား မှုတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ 
အနီးအနားမှာ ရှိတဲ့ အဆောက်အဦးတွေ မှာတော့ ကလိုရင်း ယိုစိမ့်တဲ့ လက္ခဏာများ မတွေ့  ရဘူး လို့သိရ ပါတယ်။ စာသင်ကျောင်းတွေ မှာရှိတဲ့ ဆရာမတွေ ကတော့ ကျောင်းသား မိဘတွေကို ထိုအခြေအနေ နဲ့ ပတ်သက်ပြီး ဂရုစိုက်ဖို့ နဲ့ အကြို အပို့ ကို လုံခြုံ မှု ရှိစေဖို့ သတိပေးပြောဆိုခဲ့ပါတယ်။


Credit :  http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment