Powered by Blogger.

“Feeling Fat” ဆိုတဲ့ status emoji လေးကို Facebook ဖယ်ရှားပစ်


အသုံးပြု သူတွေရဲ့ စိတ်ဆိုးမှုကို ရရှိပြီးတဲ့နောက်မှာ Facebook က status တင် တဲ့အခါ ထည့်လေ့ရှိတဲ့ “Feelings” ဆိုတဲ့ ရွေးချယ်စရာတွေ ထဲက “fat” ကို ဖယ်ရှား ပစ်ခဲ့ပါတယ်။ “feeling” ဆိုတဲ့ စာ သားလေးနောက် မှာ အသုံးပြု တဲ့ emoji လေးတွေကို အသုံးပြု သူတွေ ရွေး ချယ်နိုင် ခဲ့ပြီး တော်တော်များ များက နှစ်သက်သဘောကျကာ တွင်တွင် ကျယ်ကျယ်သုံးခဲ့ကြပါတယ်။
 သို့ပေမယ့် fat status ရဲ့ရုပ်ပုံလေးဟာ ဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းသော်လည်း တစ်ပါးသူ၏ ခံစားချက်ကို ထိခိုက်စေ သလို ဖြစ်နေပါတယ်။ ထို့ကြောင့် လူပေါင်း ၁၇၀၀၀ ခန့်က change.org.petition မှာ ဝတာဟာ ခံစားချက် မဟုတ်ကြောင်း ဒီ ရုပ်ပုံဟာ လှောင်ပြောင် သလိုဖြစ်နေကြောင်း သဘော မတူကြောင်း လက်မှတ်ရေး ထိုးကာ တောင်းဆို ခဲ့ကြပါတယ်။ ထို့ကြောင့် Facebook မှ “fat feeling” ကို ဖယ်ရှားကာ “stuffed” ဆိုတဲ့ စာသားကို အစားထိုးခဲ့ပြီး emoji ပုံလေးကိုတော့ ယခင် အတိုင်း ချန်ထား ခဲ့ပါတယ်။ 


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment