Powered by Blogger.

ကျူးဘားနိုင်ငံ အတွင်း အခမဲ့ အများပြည်သူသုံး WiFi ကို ပထမဆုံး အနေနဲ့ ထုတ်လွှတ်


ကျူးဘား နိုင်ငံရဲ့ အများပြည်သူ သုံး အင်တာနက်ဆိုတာဟာ အမြဲ တမ်းဈေးနှုန်းတွေ ခေါင် ခိုက်နေ လေ့ ရှိပါတယ်။ ဒါကြောင့် ပြည်တွင်းက အင်တာနက် အသုံးပြု သူတွေဟာ ပြည်ပက သူတို့ရဲ့ မိသားစု ၀င်တွေဆီ အီးမေးလ် ၁ နာရီကြာပို့  ဖို့ အတွက်ပဲ ပိုက်ဆံ အမြောက်အများ သုံးစွဲခဲ့ရပါတယ်။ အခု အချိန်မှာတော့ ကျူးဘားနိုင်ငံ သားတွေဟာ ပိုမိုကောင်းမွန်တဲ့ ရွေးချယ်ခွင့် တစ်ခုကို ရရှိခဲ့ပါပြီ။
ကျူးဘားနိုင်ငံရဲ့ ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်းဖြစ်တဲ့ ETECSA ဟာ ကျူးဘားနိုင်ငံ အတွင်း အခမဲ့ အများပြည်သူသုံး WiFi ကို ပထမဆုံး အနေနဲ့ ထုတ်လွှတ်ပေးတော့မယ်လို့ အတည်ပြု ပြောကြား လိုက် ပါတယ်။ ကျူးဘားနိုင်ငံ ရဲ့  မြို့တော်ဖြစ်တဲ့ ဟာနာဗန် မြို့ အလယ်က ယဉ်ကျေးမှု စင်တာ နဲ့ အနီးအနားမှာ ရှိတဲ့ နိုင်ငံသားတွေဟာ ကျူးဘားနိုင်ငံရဲ့ နာမည်ကြီး အနုပညာရှင် Kcho ကိုယ်တိုင် ဝေမျှပေးထားတဲ့ DSL လိုင်း အင်တာနက်ကို ရယူ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ 
2Mbps သာရရှိနိုင်တဲ့ Connection ဖြစ်ပေမယ့်လည်း အခမဲ့ အင်တာနက်ဖြစ်သည့် အတွက် ကျူးဘားနိုင် ငံ သားတွေ အနေနဲ့ အွန်လိုင်းကို အသုံးပြုနိုင်ဖို့ အချိန်နဲ့ ပိုက်ဆံ အမြောက်အများ သုံးနေစရာ မလိုတော့ ပါဘူး။ ထို ဟာနာဗန်မြို့ လယ်ခေါင် ကလွဲပြီး အခြားနေရာမှာတော့ အင်တာနက် သုံးစွဲဖို့ မဖြစ်နိုင်သေးပါဘူး။ အခု ထုတ်လွှတ်ပေးထားတဲ့ WiFi ဟာလည်း Kcho က သူ့ရဲ့ ကိုယ်ပိုင် အင်တာနက်ကို ဝေမျှ ခဲ့တာဖြစ်ပြီး အဲဒီလို ဝေမျှ ခွင့်ရဖို့ အတွက်လည်း Kcho ရဲ့ အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက အစိုးရရဲ့  ခွင့်ပြုချက် ရအောင် ဖန်တီးပေးခဲ့ တာဖြစ်တယ်လို့သိရပါတယ်။ 


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment