Powered by Blogger.

အိမ်သာကျွင်းထဲ အမျိုးတစ်ယောက်ရဲ့ ခြေထောက် ညပ်နေတဲ့အတွက် ဇွန်းတစ် ချောင်း ကို အသုံးပြုပြီးကယ်တင်လိုက်ရ


အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ ခြေထောက် အိမ်သာကျွင်းထဲ ညပ်နေတဲ့အတွက် ဇွန်းတစ်ချောင်းကို အသုံးပြုပြီးကယ်တင်လိုက်ရတဲ့ သတင်းဟာ မနှစ်မြို့ စရာပါပဲ။ အရေးပေါ် ၀န်ဆောင်မှု ဌာကို တရုတ်ပြည် နယ် ၊ Guangxi စီရင်စုမှာ ရှိတဲ့ အိမ်တစ်လုံးက ဖုန်းဆက် လာခဲ့ပြီး အိမ်ရောက်တဲ့ အခါမှာတော့ အမျိုးသမီး တစ်ဦးက အိမ်သာကျွင်းထဲမှာ မတ်တပ်ရပ်နေပြီး သူမရဲ့ ခြေထောက်ကတော့ အိမ်သာ ကျွင်းသို့ ၀င်တဲ့ အပေါက်မှာ ညပ်နေတာကို အေ၇းပေါ် ၀န်ထမ်းတွေတွေ့ခဲ့ရပါတယ်။ 
အဲဒီနောက် မီးသတ်သမားတွေဟာ ထို ကြွေအိမ်သာခွက်ကို ဖျက်ဆီးလိုက်ကြပြီး ခြေထောက်ညပ်နေတဲ့ အမျိုးသမီးကို ကယ်တင်ဖို့ သူတို့ရဲ့ အထူး လက်နက်ကိရိယာတွေကို မစွမ်းဆောင်နိုင်တဲ့  အခါမှာတော့ အိမ်ထဲမှာ ရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေကို သုံးပြီး ကယ်တင်ရပါတော့တယ်။ 
 ဇွန်းတစ်ချောင်း ကိုသုံးပြီး ထိုအိမ်သာ အပေါက်ထဲမှာ ရှိနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှား လိုက်တဲ့ အခါမှ မှ ထိုအမျိုးသမီး ဟာ ခြေထောက်  ကျွနိုင်ပြီး လွတ်မြောက် ခဲ့တယ် လို့သိ ရပါ တယ်။ ပြည်တွင်း သတင်း ဌာနတွေက ဖော်ပြခဲ့တာကတော့ ထိုအမျိုးသမီးဟာ ရေချိုးနေစဉ်ချော်လဲ ပြီး အိမ်သာ ကျွင်း ထဲခြေထောက် ညပ်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။ 


Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment