Powered by Blogger.

Facebook ပေါ်ကနေ ဓားပြကို ဖမ်းမိကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ကြေငြာ


ဓားပြတစ်ဦးသည် ရဲများ မဖမ်းမိမီ စူပါမား ကတ်ထဲမှ ငွေသားများကို မိနစ်ပိုင်းအတွင်း ခိုးယူထွက်ပြေးရန် အစီစဉ် ချထားခဲ့ပါတယ်။ King’s Kynn ရှိ လုယက်မှုတွင် မျက်မြင်များ၏ ပြောကြားချက်အရ ရဲများမလာမီ ၁၅ မိနစ်အလို ဖေဖော်ဝါရီလ ၁၃ရက် ညနေ ၇နာရီ ၂၅ မိနစ်ခန့်က Andrew Hennells သည် Facebook ပေါ်တွင် “Doing. Tesco. Over” ဟူ၍ ပိုစ့်တင်ခဲ့ပါတယ်။ ပေါင် ၄၁၀ခန့် ငွေသားကို ယူကာ ထွက်ပြေးသွားပြီးနောက် အနီးအနားရှိ ဆိုင်တစ်ဆိုင်တွင် ဓားတစ်ချောင်း သယ်ဆောင်ထားသော အသက် ၃၁နှစ်အရွယ် လူတစ်ယောက်ကို တွေ့ရှိခဲ့ပါတယ်။
 Norwich Crown တရားရုံးတွင် သူသည် လုယက်ရန် ဓားကို လက်နက်အဖြစ်သာ ယူဆောင်ခဲ့ကြောင်း Hennells က အသနားခံခဲ့ပါတယ်။ King’s Lynn ရှိ CID တပ်ဖွဲ့မှ Sgt Pete Jessop က Facebook ပိုစ့်က တရားခံဖမ်းမိအောင် စုံစမ်းစစ်ဆေးမှုကို ကူညီလိုက်တာပါ လို့ ပြောကြားခဲ့ပါတယ်။ ဒါက ဆန်း ကြယ်ပြီးတော့ ဖြစ်လေ့ဖြစ်ထနည်းတဲ့ ကိစ္စပါပဲ လို့လည်းပြောခဲ့ကာ Facebook ရှိ ပုံတွေ ပိုစ့်တွေက ကျွန်တော်တို့ သိပြီးသားတွေကို အတည်ပြုပေးနိုင်အောင် ကူညီခဲ့ပါတယ်လို့လည်း ပြောခဲ့ပါသေးတယ်။ 


Credit : http://news.sky.com/story
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment