Powered by Blogger.

အထိန်းအကွပ်မရှိတဲ့ ကြောင်များက ကျွန်းကို ထိန်းချုပ်နေ


လူဦးရေ ၂၂ယောက်ခန့်သာရှိသော ဂျပန်ရှိ Aoshima ကျွန်းပေါ်တွင် ကြောင် များ ဖြန့်ကြက်နေ လျက် ရှိ ပါတယ်။ လွန်ခဲ့သော အတိတ်ကာလက Aoshima ကျွန်းပေါ်တွင် ကြွက်တွေအလွန်ပေါများပြီး ငါး ဖမ်းလှေ များကို ကိုက်ဖြတ်လေ့ရှိသောကြောင့် ကြောင်များကို ထိုကျွန်းပေါ်သို့ သယ်ဆောင်လာရခြင်း ဖြစ်ပါတယ်။ သို့သော်လည်း ၄င်းတို့ကို သတ်ဖြတ်စားသောက်သည့်သူများ မရှိသည့်အပြင် ၄င်းတို့မှ မျိုးပွား လာ ရာမှ ကြောင်များမှာ အထိန်းအကွပ်မရှိ များပြားလာပြီး နည်းပါးသွားအောင် လုပ်ရန်မှာလည်း ခက်ခဲ လာ ပါတယ်။ 
ယခုအခါတွင် ထိုကျွန်းပေါ်၌ ကြောင် အရေအတွက်မှာ ၁၂၀ဝန်းကျင်ရှိပြီး ၄င်းတို့ထဲမှ ၁၀ကောင်လောက် ကိုသာ သင်းကွပ်ထားရသေးပါသည်။ ၄င်းကြောင်များသည် ထိုကျွန်းပေါ်ရှိ သီးနှံများနှင့် စွန့်ပစ် အစားအစာ များကိုသာ စားသောက်ပါတယ်။ ထိုကျွန်းပေါ်ရှိ ရွာလေးတွင် ဆိုင်များ၊ ဟော်တယ်လ်များ မရှိ ဘဲ ကြောင် ကျွန်းဟု နာမည် ကြီးကာ တစ်နေ့လျှင် နှစ်ကြိမ် ဖယ်ရီရှိကာ မြို့ကြီးများမှ လူများကို ဆွဲဆောင်နေနိုင်ပြီ ဖြစ်ပါသည်။
 သို့ရာတွင် ထိုကျွန်းပေါ်တွင် အသက်အရွယ်ကြီးသည့် သူများသာ ကြောင်များနှင့် ကျန်ရှိနေခဲ့ပြီး ငယ်ရွယ် သူများသည် အခြား မြို့ရွာများသို့ ပြောင်းရွေ့သွားကြပြီ ဖြစ်ပါတယ်။ ထို့ကြောင့် တဖြေးဖြေးဖြင့် လူများ နည်း လာကာ ကြောင်များသာ ရှိတော့သည့် ကျွန်းဖြစ်သွားမည်ကို စိုးရိမ်နေရပါသည်။ 


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment