Powered by Blogger.

တစ်စက္ကန့်အတွင်း လက်သီးချက်ပေါင်းများစွာ ထိုးနိုင်သူအဖြစ် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သူ


သင်ဟာ ကိုယ်ယောင်ဖျောက်နိုင်ပါမှ သူ့ရဲ့ လက်သီးချက်တွေကနေ ရှောင်နိုင်ပါလိမ့်မယ်။ Ian Bishop ဆိုသူဟာ တစ်စက္ကန့်အတွင်း လက်သီးချက်ပေါင်းများစွာ ထိုးနိုင်သူအဖြစ် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါတယ်။ ရိုးရာ သိုင်းပညာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ Ian Bishop ဆိုသူဟာ တစ်စက္ကန့်အတွင်းမှာ လက်သီးချက်ပေါင်း ၁၃ ချက်ထိုးပြနိုင်ခဲ့ပါတယ်။
 Ian Bishop ဟာ ထိုလက်သီးချက်တွေကို ဗြိတိန်နိုင်ငံ Aldershot မြို့က Knock Hard အကယ်ဒမီဆိုတဲ့ လက်ဝှေ့သင်တန်းကျောင်းတစ်ခုက လူငယ်တွေအတွက် သင်ကြားပြသပေးခဲ့ တယ်လို့လည်းသိရပါတယ်။ အရင်က အကျဉ်ထောင်ကျခဲ့သူ တစ်ဦးဖြစ်ပြီး လက်ရှိမှာ လူငယ်များအတွက် အကျင့်စာရိတ္တ နဲ့ ပတ်သက်ပြီး သင်ကြားပြသမှု စီမံကိန်းတစ်ခုကို ဦးဆောင်နေသူတစ်ယောက်ဖြစ်တဲ့ Sam Rowe ဆိုသူကတော့ Ian Bishop ရဲ့ သိုင်းပညာ ကို တရုတ် ဂန္တ၀င် ကွန်ဖူးသမား Bruce Lee နဲ့ ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ Aldershot မြို့မှာ ဖွင့်လှစ်ထားတဲ့ Knock Hard အကယ်ဒမီ သင်တန်းကျောင်းမှာ Ian Bishop ရဲ့ လက်သီးချက်တွေ ကို သရုပ်ဖော်ပြသစဉ်က လက်သီးချက်တွေကို ခံတဲ့ အပြားကို ကိုင်ဆောင် ခဲ့သူ လည်းဖြစ် တဲ့ Sam Rowe က သူ့ရဲ့  မြန်ဆန်တဲ့ လက်သီးချက်တွေက ကျွန်တော့် လက်မောင်းတွေမှာ ခံစား မိနေပါတယ်။ တစ်ချက်အထိုးခံလိုက်ရတာနဲ့ နောက်ထပ် ၁၂ ချက်လုံးကို ရှောင်နိုင်တော့မှာ မဟုတ်ပါဘူး။ 


Credit  : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment