Powered by Blogger.

ကွဲနေတဲ့ ၀ိုင်ခွက် အပိုင်းအစတွေပေါ် ချော်လဲကျခဲ့ပြီး Brownstone အဖွဲ့ဝင် Charmayne Maxwell သေဆုံး


၁၉၉၀ ခုနှစ်ဝန်းကျင်များမှာ အောင်မြင်မှုရခဲ့သော အဆိုတော်တစ်ဦးဖြစ်တဲ့ Charmayne Maxwell ဟာ သူမရဲ့ ကယ်လီဖိုးနီးယား ပြည်နယ် ၊ လော့အိန်ဂျလိစ် မြို့က နေအိမ်မှာ မတော်တဆမှု တစ်ခုဖြစ်ပွား ခဲ့ပြီး သေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။ လော့အိန်ဂျလိစ် ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အသက် ၄၆ နှစ် ရှိနေပြီဖြစ်တဲ့ Maxwell ဟာ ကွဲနေတဲ့ ၀ိုင်ခွက် အပိုင်းအစတွေပေါ် ချော်လဲကျခဲ့တာဖြစ်ပြီး သူမရဲ့ လည် ပင်း ကို ရှ ခဲ့တဲ့အတွက် သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ 
TMZ သတင်းဌာနရဲ့ ဖော်ပြချက်အရ Maxwell ရဲ့ အမျိုးသား ဂီတပညာရှင် Carsten Soulshock စာ အိမ် ကိုနောက်ကျမှ ပြန်လာခဲ့ပြီး အိမ်ပြန်ရောက်တဲ့အခါမှာ Maxwell ဟာ သွေးထွက်ပြီး လဲကျနေတာကိုတွေ့ ရတဲ့အတွက် ၉၁၁ ကို ဖုန်းဆက်အကြောင်းကြားပြီးဆေးရုံ ကို ပို့ခဲ့ပေမယ့် လမ်း မှာပဲ သေ ဆုံးသွား ခဲ့တာဖြစ်တယ် လို့ သိရပါတယ်။ 
Maxwell ပါဝင်ခဲ့တဲ့ Brownstone အဖွဲ့ဟာ ၁၉၉၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ If You Love Me ဆိုတဲ့ သီချင်းနဲ့ အောင်မြင်ကျော်ကြားခဲ့ပြီး Grapevyne နဲ့ Pass The Lovin ဆိုတဲ့ သီချင်းတွေနဲ့လည်း အကောင်းဆုံး R&B ဂရမ်မီဆုကို ဆန်ခါတင် ပါဝင်ခဲ့ဖူးပါတယ်။ 


Credit : http://www.starpulse.com/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment