Powered by Blogger.

Kylie Jenner လို နှုတ်ခမ်းမျိုးရချင်တဲ့ အမျိုးသမီး နှုတ်ခမ်းအထူကြီးနဲ့ ကျန်ခဲ့ရ


အမျိုးသမီး တစ်ဦးဟာ Kylie Jenner လို နှုတ်ခမ်းမျိုးရချင်တဲ့အတွက် ကုန်ပစ္စည်းတစ်ခုကို ၀ယ်ယူသုံးစွဲ ခဲ့ ရာမှာ အဆင်မပြေတဲ့အပြင် နှုတ်ခမ်းအထူကြီးနဲ့ ကျန်ခဲ့ရတယ်လို့ သိရပါတယ်။ သြစတြေးလျနိုင်ငံ သူ Brittany Forster ဟာ နှုတ်ခမ်း လှပလာစေရန် ကုန်ပစ္စည်းတစ်မျိုးကိုဝယ်ယူပြီး ထို ပစ္စည်းကို ၂ မိနစ်ခန့် သူမရဲ့ ပါးစပ်နဲ့ ကပ်ပြီး အသုံပြုလိုက်တဲ့အခါမှာ သူမရဲ့ နှုတ်ခမ်းဟာ နဂို ထက် ၂ဆခန့် ထူထပ်ပြီး ဖောင်းလာခဲ့တယ်လို့သိရပါတယ်။
 “ကျွန်မ ဒီပစ္စည်းကိုဖယ်ပြီး မှန်ထဲမှာ ကြည့်လိုက်တဲ့အခါမှာ ကျွန်မ အိုဘုရားသခင် လို့ ရေရွတ် လိုက်မိ ပါ တယ်။ ဒါဟာ မဖြစ်နိုင်ဘူးလို့လည်းထင်ခဲ့မိတယ်” လို့ အသက်၂၄ နှစ်သာရှိသေးတဲ့ ကျောင်းသူလေး Forster က ဆိုပါတယ်။ သူမရဲ့ သူငယ်ချင်းတွေက ထို ပစ္စည်းဟာ ယာယီ ပြောင်းလဲတဲ့ ပစ္စည်းဖြစ်တဲ့ အ တွက် စိတ် မပူဖို့ ပြောခဲ့ပေမယ့်လည်း Forster ကတော့ အမြဲတမ်းအတွက် ပြောင်းလဲသွားမှာကို စိုးရိမ်ခဲ့ တယ်လို့ သိရပါတယ်။
 ထိုကုန်ပစ္စည်းကိုထုတ်လုပ်တဲ့ Candy Lipz ကုမ္မဏီကတော့ Forster ရဲ့ နှုတ်ခမ်းပြောင်းလဲသွားတဲ့ ဗီဒီယို ချစ်တယ်လို့ ဆိုလိုက်ပါတယ်။ ကုမ္မဏီရဲ့ ပြောကြားချက်အရ ထိုကုန်ပစ္စည်းဟာ ယာယီ ပစ္စည်းဖြစ်ပြီး ၇ ရက်အတွင်း မူလအတိုင်းပြန်ပြောင်းသွားမှာဖြစ်တယ်လို့ဆိုပါတယ်။


Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments:

  1. နှုတ်ခမ်းပြောင်းလဲသွားတဲ့ ဗီဒီယို ချစ်တယ်လို့ ဆိုလိုက်ပါတယ်။ what was that mean?

    ReplyDelete